ကျွန်းစု မတ်လ ၁၁
၂၀၂၄ခုနှစ်၊ မတ်လ(၁၁)ရက်နေ့မှ (၁၉)ရက်နေ့ အထိ ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ တက္ကသိုလ်ဝင်စာမေးပွဲကြီးကို ကျင်းပမည်ဖြစ်ရာ တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲပထမနေ့ မြန်မာစာဘာသာတွင် (၉၄.၁၆)ရာခိုင်နှုန်း ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကျွန်းစုမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲကို အ.ထ.က-ကျွန်းစု စာစစ်ဌာန၌ အတွင်းဖြေကျောင်းသား(၉၈)ဦး၊ ကျောင်းသူ (၁၄၈)ဦးနှင့် ပြင်ပမှဖြေဆိုရန် ကျောင်းသား(၅)ဦး၊ ကျောင်းသူ(၂၃)ဦး၊ စုစုပေါင်း(၂၇၄)ဦးရှိရာ မြန်မာစာဘာသာတွင် ကျောင်းသား(၉၂)ဦး၊ ကျောင်းသူ(၁၆၆)ဦး၊ စုစုပေါင်း(၂၅၈)ဦး၊ ဖြေဆိုမှုရာခိုင်နှုန်း(၉၄.၁၆%)ရှိပြီး ဖြေဆိုရန်ပျက်ကွက်သူ ကျောင်းသား(၁၁)ဦး၊ ကျောင်းသူ(၅)ဦး၊ စုစုပေါင်း (၁၆)ဦး၊ ပျက်ကွက်မှုရာခိုင်နှုန်း (၅.၈၄%)ရှိကြောင်း သိရသည်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေအေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ လုံခြုံရေးအဖွဲ့အစည်းများနှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း၍ ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါစာစစ်ဌာနရှိရာနေရာသို့ တနင်္သာရီရေတပ်စခန်းဌာနချုပ်၊ ဗိုလ်မှူးချုပ်ကျော်လင်းဇော်နှင့် အရာရှိများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လာရောက်ကြည့်ရှုခဲ့ကြပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
ထက်မြင့်
https://t.me/MyanmarNationalPost

No comments:
Post a Comment