သဲကုန်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တက္ကသိုလ်ဝင် စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ်စတင်ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သဲကုန်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တက္ကသိုလ်ဝင် စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ်စတင်ဖြေဆို


သဲကုန်း ၊ မတ် ၁၁

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ စာစစ်ဌာန (၄) ခုတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲပထမနေ့အဖြစ် မြန်မာစာဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

သဲကုန်းမြို့နယ်တွင် စာစစ်ဌာန (၄) ခုရှိ၍ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုခွင့်ရှိသူ အတွင်းအပြင်စုစုပေါင်း (၅၄၂) ဦးရှိသည့်အနက် လာရောက်ဖြေဆိုသူ ​ကျောင်းသား (၂၂၉) ဦး၊ ကျောင်းသူ (၁၈၃) ဦး၊ ဖြေဆိုသူ စုစုပေါင်း (၅၁၂) ဦးရှိပြီး ဖြေဆိုရန်ပျက်ကွက်သူ ကျောင်းသား/ ကျောင်းသူ (၃၀) ဦး၊ ဖြေဆိုမှု (၉၄.၄၆) ရာခိုင်နှုန်းရှိပြီး ပျက်ကွက်မှု (၅.၅၄) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

သဲကုန်းမြို့နယ်အတွင်းရှိ စစ်ဌာန (၄) ခုတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းလုံခြုံစွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးယဥ်ထွေးနှင့်အဖွဲ့ဝင်များ၊ ​မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ကျောင်းသားမိဘများက ပူးပေါင်းပါဝင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။


ကိုကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)