နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း တောင်သူသီးနှံများဖွံ့ဖြိုးမှ နိုင်ငံတော် ပိုမိုဖွံ့ဖြိုးလာစေရန် ခရိုင်၊မြို့နယ်ဌာနဆိုင်ရာများ၊ ကျေးလက်တောင်သူများနှင့် တွေ့ဆုံ၊ နွေနှမ်းမျိုးများအား ထောက်ပံ့ပေးအပ်ပွဲတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း တောင်သူသီးနှံများဖွံ့ဖြိုးမှ နိုင်ငံတော် ပိုမိုဖွံ့ဖြိုးလာစေရန် ခရိုင်၊မြို့နယ်ဌာနဆိုင်ရာများ၊ ကျေးလက်တောင်သူများနှင့် တွေ့ဆုံ၊ နွေနှမ်းမျိုးများအား ထောက်ပံ့ပေးအပ်ပွဲတက်ရောက်





တပ်ကုန်း ၊ မတ် ၁၁


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်း တောင်သူသီးနှံများ ဖွံ့ဖြိုးမှ နိုင်ငံတော်ပိုမိုဖွံ့ဖြိုးစေရန် ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံခြင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နားနေခန်းမတွင် ကျင်းပရာ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာထွန်းနှင့် ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့် ဌာနဆိုင်ရာများ တက်ရောက်ကြသည်။


ဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက စိုက်ပျိုးရေအသုံးချရေးစနစ်များ၊ ပန်းတိုင် အထွက်နှုန်းရရှိရေး၊ နွေသီးနှံပိုမိုစိုက်ပျိုးရေး၊ ရပ်ကွက်၊ ကျေးရွာများတွင် ဧည့်စာရင်းတိုင်ကြား ရေး၊ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများကို ပြည်သူများကျယ်ပြန်စွာသိရှိစေရေး၊ MSME လုပ်ငန်း ဖော်ဆောင်ရေး ရှင်းလင်းပြောကြားခဲ့ပြီးနောက် သက်ဆိုင်ရာခရိုင်၊ မြို့နယ်မှ တာဝန်ရှိသူများက ဆောင်ရွက်ထားရှိမှုများအား ပြန်လည်တင်ပြခဲ့သည်။


ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းသည် ရေအေးကျေးရွာရှိ စိုက်ပျိုးစီးပွား အသိပညာပေးစင်တာ (KC) တွင် စိုက်ပျိုးရေးတောင်သူ ၄၀၀ ဦးနှင့်တွေ့ဆုံ၍ မြို့နယ်အတွင်း စိုက်ပျိုးထုတ်လုပ်လျက်ရှိသည့် စပါးအပါအဝင် ဆီထွက်သီးနှံများ သတ်မှတ်စိုက်ဧက ပြည့်မီအောင် စိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးသည့်သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မျိုးကောင်း မျိုးသန့်များ သုံးစွဲရေး၊ လယ်ယာမြေများ စနစ်တကျပြုပြင်သုံးစွဲရေး၊ စိုက်ပျိုးရေရရှိရေး၊ စိုက်ပျိုး နည်းစနစ်များ မှန်ကန်စွာသုံးစွဲရေး၊ သဘာဝမြေဆီများ သုံးစွဲရေး၊ သီးနှံဖျက်ပိုးများကို သဘာဝပိုးသတ်ဆေးရည်ဖြင့် ဖယ်ရှားရေး၊ ကုန်ကြမ်းများကို ကုန်ချောအဖြစ်ဆောင်ရွက်နိုင်ရေး၊ သီးထပ် စိုက်ပျိုးမှုများ တိုးချဲ့စိုက်ပျိုးနိုင်ရေး လိုအပ်ကြောင်း၊ ရပ်ကွက်၊ ကျေးရွာများတွင် လုံခြုံရေးကိစ္စရပ်များ ပြည်သူတစ်ရပ်လုံးဆောင်ရွက်ရန် လိုအပ်ကြောင်း ရှင်းလင်းမှာကြားခဲ့ပြီးနောက် တက်ရောက်လာသည့်တောင်သူများက ကုန်ထုတ်လမ်း၊ တံတား၊ လျှစ်စစ်မီး၊ ဆိုလာစွမ်းအင်သုံး အဝီစိရေတွင်း၊ ရေကာတာနှင့် ကျောင်းဆရာအင်အားလိုအပ်ချက်များ ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက တင်ပြမှုများကို ပြန်လည်ရှင်းလင်း‌ဖြေကြားခဲ့ပြီး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ပြည်သူများ သိသင့်သိတိုက် သည့် ပြည်သူ့စစ်မှုတမ်းဥပဒေဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။


ဆက်လက်၍ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းနှင့်တာဝန်ရှိသူများသည် အင်ဘက်ကုန်းကျေးရွာ၊ ကွင်းအမှတ် ၁၃၀၅၊ လယ်မြေဧက ၁၂၃.၄၀ ဧက၊ စနစ်ကျလယ်ယာမြေဖော်ထုတ်ရေးလုပ်ငန်းခွင် ရှင်းလင်းဆောင်တွင် နွေနှမ်းစိုက်ပျိုးမည့် တောင်သူ ၇၀ ဦးအတွက် မျိုးနှမ်းဆင်း ရတနာ -၃၊ တစ်ဧကလျှင် နှစ်ပြည်နှုန်းဖြင့် ၁၁၂ဧက၊ မျိုးနှမ်းစုစုပေါင်း ၂၂၄ ပြည်အား ထောက်ပံ့ပေးအပ်ခဲ့ပြီးနောက် တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။


တင်စိုးလွင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)