နေပြည်တော်၊ မတ် ၁၂
ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ NUG အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ အကြမ်းဖက်အဖွဲ့များ ဆိုးရွားစွာ သောင်းကျန်းနေသည့် ကယားပြည်နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ စနစ်သစ် စာစစ်ဌာနမရှိကြောင်း အခြေခံပညာဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
အခြေခံပညာဦးစီးဌာန၏ ထုတ်ပြန်ချက်အရ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် စာစစ်ဌာနပေါင်း (၈၄၁)ခုရှိပြီး ကယားပြည်နယ်တွင် စာစစ်ဌာနမရှိ၊ ဖြေဆိုကျောင်းသားမရှိကြောင်း ဖော်ပြထားသည်။
၂၀၂၄ခုနှစ် တက္ကသိုလ်ဝင်စာဖြေပွဲ စာရင်းရှိကျောင်းသား (၁၄၆၅၂၃) ဦး ရှိပြီး ဖြေဆိုကျောင်းသား (၁၂၈၈၀၁) ဦး ရှိသည်။ စာမေးပွဲဖြေဆိုရန် ပျက်ကွက်ကျောင်းသားဦးရေ (၁၇၇၂၂) ဦးအထိ ရှိနေသည်။
အလားတူ ရခိုင်ပြည်နယ်တွင် စာရင်းရှိကျောင်းသားဦးရေ (၁၈၆၀၂)ဦးရေ ရှိသော်လည်း ဖြေဆိုကျောင်းသား (၈၅၄၃) ဦးသာရှိပြီး ဖြေဆိုကျောင်းသား ရာခိုင်နှုန်းမှာ (၄၅.၉၃)ရာခိုင်နှုန်းရှိပြီး၊ ပျက်ကွက်ရာခိုင်နှုန်းမှာ (၅၄.၀၇)ရာခိုင်နှုန်းအထိ ရှိနေသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၏ နံပါတ်(၁)တွင် "လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်း၍ တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိလာအောင် အလေးထားဆောင်ရွက်သွားမည်။" ဟု ချမှတ်ထားသော်လည်း ကယားပြည်နယ်အတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရသက်တမ်းကာလတလျောက် ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ NUG အကြမ်းဖက်အဖွဲ့၏ လက်ပါးစေအကြမ်းဖက်အဖွဲ့များ ဖြစ်သည့် PDF, KNDF, KNPP အစရှိသော အကြမ်းဖက်အဖွဲ့များက ဒေသတွင်းတည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန် အစဉ်သဖြင့် လုပ်ဆောင်နေသည်ကို ထိန်းသိမ်းနိုင်ခြင်း မရှိခဲ့ပေ။
ကယားပြည်နယ်တွင် အကြမ်းဖက်အဖွဲ့များက ဒေသခံပြည်သူများကိုသာ ပစ်မှတ်ထားတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ပြီး ဆရာ/ ဆရာမများကို ဖမ်းဆီးခြင်း၊ ပြည်နယ်အစိုးရအဆင့် ရုံးဌာနများကိုပါ ပစ်မှတ်ထားတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြဖူးသည်။
#News


No comments:
Post a Comment