ဟင်္သာတမြို့နယ်တွင် စစ်မှုထမ်းဥပဒေအကြောင်း ရှင်းလင်းဆွေးနွေး၊ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဟင်္သာတမြို့နယ်တွင် စစ်မှုထမ်းဥပဒေအကြောင်း ရှင်းလင်းဆွေးနွေး၊ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ



ဟင်္သာတ မတ် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၌ ယနေ့နံနက် ၁၀ နာရီအချိန်က ဒူးယားမြို့၊ မြို့အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ဟင်္သာတမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင် (၁) ဗိုလ်မှူးကျော်စွာထွန်းနှင့် အဖွဲ့ဝင် (၂) ဦးမြင့်သိန်းတို့ ဦးဆောင်၍ ဒူးယားမြို့ ဒူယားတိုက်နယ်နှင့် အင်းဓဝယ်တိုက်နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာအုပ်ချူပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများ ရပ်မိရပ်ဖများနှင့်တွေ့ဆုံ၍ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ရှင်းလင်းဟောပြောခဲ့သည်။

အဆိုပါ ရှင်းလင်းဆွေးနွေးပွဲသို့ သက်ဆိုင်ရာရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ၊ ရပ်မိရပ်ဖများပြည်သူများ (၁၅၀) ဦး တက်ရောက်ခဲ့ကြပြီး တာဝန်ရှိသူများ၏ ဆွေးနွေးရှင်းလင်းမှုများအပေါ် တက်ရောက်လာကြသူများက သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များမှ အကျယ်တဝံ့ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ဒူးယားမြို့ လမ်းမကြီးနှင့်လူစည်ကားရာနေရာများတွင် မြို့အုပ်ချုပ်ရေးအဖွဲ့နှင့်တာဝန်ရှိသူများက ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်းသိကောင်းစရာ အသိပညာပေးလက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)