ပုဇွန်တောင်မြို့နယ်၌ (၉၂)ကြိမ်မြောက် ရန်ကုန်တိုင်းဒေသလုံးကြီးဆိုင်ရာ ဘုရားဖြူဝိနည်းစာတော်ပြန်ပွဲ စာအောင်ဆုနှင့် ဆုနှင်းသဘင်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဇွန်တောင်မြို့နယ်၌ (၉၂)ကြိမ်မြောက် ရန်ကုန်တိုင်းဒေသလုံးကြီးဆိုင်ရာ ဘုရားဖြူဝိနည်းစာတော်ပြန်ပွဲ စာအောင်ဆုနှင့် ဆုနှင်းသဘင်ကျင်းပ



ပုဇွန်တောင် မတ် ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ ရန်ကုန်တိုင်းဒေသလုံးကြီးဆိုင်ရာ ဝိနယာနုဂ္ဂဟအသင်း၏ (၉၂)ကြိမ်မြောက် ဘုရားဖြူဝိနည်းစာတော်ပြန်ပွဲ စာအောင်ဆုနှင်းသဘင်အခမ်းအနားကို ပုဇွန်တောင်မြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်ရှိ ဘုရားဖြူကျောင်းတိုက်ရှိ သံဃသမိတိကျောင်းတိုက်၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး အသင်းကြီး၏နာယကဆရာတော် ဘုရားဖြူကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တတိလောကသိဝံသထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော်များက ပရိတ်တရားတော်များ ရွတ်ဖတ်ချီးမြှင့်ကြကာ အသင်းကြီး၏နာယကဆရာတော် သာယာကုန်းကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တပညာဓဇမှ ဩဝါဒကထာ ဟောကြားချီးမြှင့်သည်။ ယင်းနောက် ရန်ကုန်တိုင်းဒေသလုံးကြီးဆိုင်ရာ ဝိနယာနုဂ္ဂဟအသင်း ဝိနည်းစာတော်ပြန်ပွဲဆိုင်ရာများနှင့်စပ်လျဉ်း၍ အသင်းဥက္ကဋ္ဌ ဦးမြင့်ဆွေမှ ၁၃၈၅ ခုနှစ် နတ်တော်လတွင် ကျင်းပခဲ့သော (၉၂)ကြိမ်မြောက် ရန်ကုန်တိုင်းဒေသလုံးကြီးဆိုင်ရာ ဘုရားဖြူဝိနည်းစာတော်ပြန်ပွဲတွင် အတန်းစုံ(၆၆၁)ပါး စာရင်းပေးသွင်းခဲ့ပြီး (၄၁၄)ပါးဖြေဆိုခဲ့ကြောင်း စာချတန်း(၂)ကျမ်းစွဲ(၁)ပါး၊ (၁)ကျမ်းစွဲ(၁)ပါး၊ အကြီးတန်း(၂)ပါး၊ အလတ်တန်း(၁၂)ပါး၊ အငယ်တန်း (၂၁)ပါး၊ မူလတန်း(၁၄၅)ပါး ဖြေဆိုအောင်မြင်ခဲ့ကြောင်းနှင့် ကျေးဇူးတင်စကားအား ရှင်းလင်းလျှောက်ထားခဲ့သည်။

ထို့နောက် ရန်ကုန်တိုင်းဒေသလုံးကြီးဆိုင်ရာ ဝိနယာနုဂ္ဂဟအသင်း၏နာယကများ၊ ပုဇွန်တောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် အလှူရှင်များက ဆရာတော်သံဃာတော်များနှင့် စာအောင်သံဃာတော်အရှင်မြတ်တို့အား အောင်လက်မှတ်နှင့်လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြကာ အသင်းကြီး၏နာယကဆရာတော် ဘုရားဖြူကျောင်းတိုက် နာယကဆရာတော် ဘဒ္ဒန္တကေသရာဘိဝံသထံမှ အနုမောဒနာနှင့် ရေစက်ချတရားနာကြားကာ  ကုသိုလ်ကောင်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြပြီးနောက် “ဗုဒ္ဓသာသနံစိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)