ရန်ကုန် မတ် ၂၃
ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ကြီးကြပ်ရေးကော်မတီက ပုဂ္ဂလိကဆေးရုံများကို ကျန်းမာရေးလုပ်ငန်းဆိုင်ရာများ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီတွင်ဆောင်ရွက်ခဲ့သည်။
အဆိုပါ ပုဂ္ဂလိကဆေးရုံများကို ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ကွင်းဆင်းစစ်ဆေးခြင်းကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်နှင့် ရန်ကုန်တိုင်းဒေသကြီးကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၊ (၄/တောင်)ရပ်ကွက်၊ မြင်တော်သာလမ်း၊ အမှတ်(၅၂၄)တွင် "လင်း"အထူးကုဆေးရုံ ဖွင့်လှစ်နိုင်ရေးအတွက် အဆောက်အဦးဆောက်လုပ်ခွင့်နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှကော်မတီ၏ စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိနှင့် လုပ်ငန်းလိုင်စင်များကို ဥပဒေ၊ နည်းဥပဒေများအတိုင်း လိုက်နာဆောင်ရွက်သွားရန် ကွင်းဆင်းစစ်ဆေးပြောကြားခဲ့သည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာကြီးကြပ်ရေးကော်မတီအဖွဲ့သည် "လင်း"အထူးကုဆေးရုံ ဖွင့်လှစ်နိုင်ရေးအတွက် အဆောက်အဦးအား လိုက်လံကြည်ရှုစစ်ဆေးခဲ့သည်။
အဆိုပါ"လင်း"အထူးကုဆေးရုံအဆောက်အဦးသည်(၁၆)ကုတင်ဆန့် ဆေးရုံသစ်ဖြစ်ပြီး (၆)ထပ်အဆောက်အဦးသစ်ဖြစ်ကြောင်း သိရှိရသည်။
အောင်မြင့်
https://t.me/MyanmarNationalPost
No comments:
Post a Comment