ပြည် မတ် ၂၃
ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်မြို့ Book Club အဖွဲ့တို့ လစဉ်ပူးပေါင်းဆောင်ရွက်သည့် "ဆုံစည်းရာစာဖတ်ဝိုင်း" ကို ယမန်နေ့နံနက်ပိုင်းက ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။
စာဖတ်ဝိုင်းတွင်ရှေးဦးစွာ ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ရွှေဝါဖူးက အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် ဆုံစည်းရာစာဖတ်ဝိုင်း Book Club အဖွဲ့ နာယက စာရေးဆရာ ပြည်လေးဘုန်းနှင့် ဆရာ မောင်မောင်ကြည်သန့်တို့ ဦးဆောင်သော မြို့နယ်စာရေးဆရာအသင်းအဖွဲ့ဝင် စာရေးဆရာများနှင့် စာပေဝါသနာရှင်များက စာရေးဆရာဒေါက်တာ ခင်မောင်ညိုရေးသားသော "လူငယ်နှင့်အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း" စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ကြပြီး ယင်းစာအုပ်ပါ လူငယ်ရေးရာ သုတ/ ရသ သိမှတ်ဖွယ်အကြောင်းအရာများအပေါ် ၎င်းတို့၏ အမြင်အသီးသီးဖြင့် သုံးသပ်ဆွေးနွေးခဲ့ကြသည်။
အဆိုပါ စာဖတ်ဝိုင်းသို့ Book Club အဖွဲ့ဝင်များ၊ ပြည်မြို့နယ် စာရေးဆရာအသင်းအဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များ စုစုပေါင်း (၂၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment