ရေကြည်မြို့နယ် သမိုင်းဝင်ဒီပါရုမ်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေကြည်မြို့နယ် သမိုင်းဝင်ဒီပါရုမ်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပမည်




ရေကြည် မတ် ၂၃

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ်ရှိ ရှေးဟောင်းသမိုင်းဝင် ဒီပါရုမ်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို မြို့နယ်သံဃာနယကအဖွဲ့၏ ဦးဆောင်မှုဖြင့် တပေါင်းလဆန်း(၁၄၊ ၁၅)လပြည့်ကျော်(၁)ရက် မတ်လ (၂၃ရက်နေ့မှ၂၅)ရက်နေ့အထိ ရှေးအစဉ်အလားအတိုင်း စီစဉ်ကျင်းပသွားမည်ဖြစ်သည်။

အဆိုပါဘုရားပွဲတော်ကို ဆရာတော်၊ သံဃာတော်များက အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ခြင်း၊ ဆရာတော်၊ သံဃာတော်များကို ဆွမ်းကပ်လှူခြင်း၊ လှူဖွယ်ဝတ္ထုနှင့် ဆွမ်းဆန်လောင်းလှူခြင်းများကို ပြည်လုပ်မည်ဖြစ်ပြီး တပေါင်းလပြည့်နေ့တွင်လည်း ကောင်းမှုအစုစုတိုအတွက် ရေစက်သွန်းချအမျှပေးဝေခြင်းတို့ဖြင့် အစဉ်အလာအတိုင်း ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)