မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း နှစ်(၅၀)ပြည့် ရွှေရတုမွန်ပြည်နယ်နေ့အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း နှစ်(၅၀)ပြည့် ရွှေရတုမွန်ပြည်နယ်နေ့အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်

 



မော်လမြိုင် မတ် ၁၆

နှစ်(၅ဝ)ပြည့် ရွှေရတုမွန်ပြည်နယ်နေ့အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယ​နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ငန်း​တေး​ဂေါက်ကွင်း၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦး​​အောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် ဂေါက်သီးရိုက်အားကစားသမားများ၊ ဖိတ်ကြားထားသည့် ဂေါက်သီးရိုက်အားကစားဝါသနာရှင်များ တက်​ရောက်၍ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အနေဖြင့် ပြည်နယ်၏ အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် ကဏ္ဍပေါင်းစုံကနေ ပံ့ပိုး​ဆောင်ရွက်​ပေးလျက်ရှိပါ​ကြောင်း သိရသည်။

ထို့ပြင် ဂေါက်သီးရိုက်အားကစားသည် ကမ္ဘာပေါ်တွင် ထင်ရှားသော အားကစားနည်းတစ်ခုဖြစ်သလို ပျော်ရွှင်မှုများရရှိနိုင်စေခြင်း၊ သက်တူရွယ်တူအချင်းချင်း အားပေးဖော်များကောင်းမွန်စေခြင်း၊ အသင်းအဖွဲ့နှင့်နေတတ်ခြင်း၊ ကောင်းသောယှဉ်ပြိုင်လိုစိတ် အလေ့အထကို ရရှိစေခြင်းစသော အကျိုးကျေးဇူးများကို ရရှိစေမှာဖြစ်​ကြောင်း၊ မျိုးဆက်သစ် ဂေါက်သီးရိုက်အားကစားများအား ဂေါက်သီးရိုက်အားကစားနည်းစနစ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများကို စနစ်တကျ လေ့ကျင့်ပျိုးထောင်​မွေးထုတ်ပေးကာ ပြည်နယ်၏ ဂေါက်သီးရိုက်အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ​ဆောင်ရွက်​ပေးကြရန်လိုကြောင်း၊ ပြိုင်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အဖက်ဖက်မှ လိုအပ်သည်များကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြတဲ့သူများနှင့် အနယ်နယ်အရပ်အရပ်မှ  အားတက်သရော ပါဝင်ယှဉ်ပြိုင်ကြတဲ့ ​ဂေါက်သီးရိုက်အားကစားများအားလုံးကို အထူးကျေးဇူးတင်ရှိကြောင်းဖြင့် အမှာစကား​ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးတို့က နှစ်(၅ဝ)ပြည့် ရွှေရတုမွန်ပြည်နယ်နေ့အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲကို smoke ball ရိုက်၍ စတင်ဖွင့်လှစ်​ပေးခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ပြိုင်ပွဲဝင် ဂေါက်သီးရိုက် အားကစားများ ဝင်​ရောက် ယှဉ်ပြိုင်​နေမှုအ​ပေါ် ကြည့်ရှုအား​ပေးခဲ့သည်။

အဆိုပါနှစ်(၅ဝ)ပြည့် ရွှေရတုမွန်ပြည်နယ်နေ့အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲကို ယ​နေ့ မတ်လ ၁၆ ရက်​နေ့တွင် မော်လမြိုင်မြို့၊ ငန်း​တေးဂေါက်ကွင်း၌ စတင်ကျင်းပပြုလုပ်ခဲ့ပြီး မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ဖိတ်ကြားထားသည့် ပြိုင်ပွဲအသင်းများမှ ​ဂေါက်သီးရိုက် အားကစားသမား (၂၅၀)ဦးခန့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရှိရသည်။


စည်သူ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)