ရွှေကို သတ်မှတ်ဈေးနှုန်းအောက် အရောင်းအဝယ်မပြုလုပ်နိုင်သူများ အရောင်းအဝယ်ရပ်ထားရန် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ထုတ်ပြန်ကြေညာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေကို သတ်မှတ်ဈေးနှုန်းအောက် အရောင်းအဝယ်မပြုလုပ်နိုင်သူများ အရောင်းအဝယ်ရပ်ထားရန် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ထုတ်ပြန်ကြေညာ


ရန်ကုန်၊ မတ်လ ၁၆

ရွှေဆိုင်များအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း(YGEA)သတ်မှတ် ဈေးနှုန်းအောက်တွင်အရောင်းအဝယ်မပြုလုပ်နိုင်ပါက ရွှေအရောင်းအဝယ်ရပ်ထားရန် ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း(YGEA) က အထူးသတိပေးချက် အနေဖြင့် ထုတ်ပြန်ထားသည်။

ယနေ့ ၂၀၂၄ခုနှစ်၊ မတ်လ (၁၆) ရက်နေ့ ရက်စွဲဖြင့် ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း(YGEA)၏ အထူး သတိပေးပန်ကြားလွှာ တွင် "ပြင်ပ ရွှေအရောင်း/အဝယ်လုပ်သူများနှင့် ရွှေဆိုင်များ အားလုံး YGEA သတ်မှတ်ဈေးနှုန်း အောက်၌သာ အရောင်း/အဝယ် ပြုလုပ်ရန်၊ (မပြုလုပ်နိုင်)ပါက ရွှေအရောင်း/အဝယ်  ရပ်ထားပေးရန် အတိအလင်း ပြောဆိုထားသည်။

ရွှေဈေးကွက်အတွင်း ပြင်ပရွှေဝယ်ရောင်းလုပ်သူများနှင့် ရွှေဆိုင်များအားလုံးအနေဖြင့် YGEAသတ်မှတ်ဈေး အောက်တွင်အရောင်းအဝယ်ပြုလုပ်ရန်နှင့် မပြုလုပ်နိုင်ပါကအရောင်းအဝယ်ရပ်ထားပေးပါရန်၊ အခြေအမြစ်မရှိသော သတင်းများကိုအကြောင်းပြု၍ ပြင်ပဈေးကွက်အတွင်း အရောင်းအဝယ်ပြုလုပ်သူများက ရွှေဈေးကစားကာ ဆွဲတင်၊ ဆွဲချလျက်ရှိသည့် ဖြစ်စဉ်မှန်ကို သက်ဆိုင်ရာကစုံစမ်းစစ်ဆေး၍ အရေးယူနေကြောင်း သိရသည်။

ယင်းကြောင့် ပြင်ပဈေးကွက်တွင် ရောင်းဝယ်နေသူများအနေဖြင့် ကောလာဟလများကို အကြောင်းပြုပြီး ဈေး  ကစားခြင်းများမပြုလုပ်ပါရန် အထူးသတိပေးကြောင်း YGEA ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)