ဘိုကလေးမြို့နယ်တွင် ကျင်းပလျက်ရှိသည့် ပရိယတ္တိသာသနပါလစာမေးပွဲ ကြီးကြပ်ဆရာတော်များနှင့် စာဖြေရှင်သာမဏေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဆွမ်းဆက်ကပ်လှူဒါန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

ဘိုကလေးမြို့နယ်တွင် ကျင်းပလျက်ရှိသည့် ပရိယတ္တိသာသနပါလစာမေးပွဲ ကြီးကြပ်ဆရာတော်များနှင့် စာဖြေရှင်သာမဏေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဆွမ်းဆက်ကပ်လှူဒါန်း




ဘိုကလေး မတ် ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်မှ ဆရာတော်၊ သံဃာတော်ကြီးများက ကြီးမှူး၍ (၄၄) ကြိမ်မြောက်သော ပရိယတ္တိသာသနပါလ စာမေးပွဲတော်ကြီးအား မတ်လ(၁၀)ရက်နေ့မှ (၁၄)ရက်နေ့အထိ (၅)ရက်တာ ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့ စာမေးပွဲ ဒုတိယနေ့ နံနက်(၁၁)နာရီ၌ စာမေးပွဲ ကြီးကြပ်ဆရာတော်များနှင့် စာဖြေရှင်သာမဏေ (၂၄၇)ပါးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းနှင့် အဖွဲ့ဝင်များက နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။

အဆိုပါ ပရိယတ္တိသာသနပါလ စာမေးပွဲတော်ကြီးအား မတ်လ(၁၀)ရက်နေ့မှ စတင်ကာ (၁၄)ရက်နေ့အထိ (၅)ရက်တာ နေ့စဉ်မွန်းတည့်(၁၂)နာရီတွင် ကျင်းပခြင်းဖြစ်ပြီး မြို့နယ်အတွင်းမှ ရှင်သာမဏေ ပထမငယ်တန်း၊ ပထမလတ်တန်း၊ ဥပစာ (က)တန်းနှင့် (ခ)တန်း၊ အာဂုံတန်း၊ စုစုပေါင်း(၂၄၇)ပါး ဝင်ရောက်ဖြေဆိုကြကြောင်းနှင့် ယနေ့စာမေးပွဲ ဒုတိယနေ့တွင် အာဂုံတန်းအနေဖြင့် သဒ္ဒါဘာသာ ဖြေဆိုရပြီး ကျန်အတန်းများအနေဖြင့် ကစ္စည်းသဒ္ဒါဘာသာ ဖြေဆိုကြရကြောင်း သိရသည်။


မိုးစက်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)