ညောင်လေးပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မြို့နယ်စာရေးဆရာအသင်းမှ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲနှင့် စာဖတ်ဝိုင်းပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်လေးပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မြို့နယ်စာရေးဆရာအသင်းမှ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲနှင့် စာဖတ်ဝိုင်းပြုလုပ်

 





ညောင်လေးပင် မတ် ၁၁


ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ယမန်နေ့မွန်းလွဲ ၁ နာရီက မြို့နယ်စာရေးဆရာအသင်းမှ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲနှင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ စာရေးဆရာအသင်း (ဗဟို) အမှုဆောင်နှင့် မြို့နယ်စာရေးဆရာအသင်း (နာယက) ဒေါက်တာ မြင့်သန်း (ညောင်လေးပင်)က အဖွင့်အမှာစကား ပြောကြားပြီး  မြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌ ဦးစိုးဝင်း (မောင်စုမြင် - ညောင်လေးပင်)က ကဗျာရေးသားနည်းသင်တန်း ဖွင့်လှစ်နိုင်ရေးအတွက် ဆွေးနွေးပြောကြားခဲ့သည်။

၎င်းနောက် တက်ရောက်လာသော စာရေးဆရာအသင်းအဖွဲ့ဝင်များမှ အသီးသီးဆွေးနွေးသွားခဲ့ကြပြီး မြန်မာနိုင်ငံ စာရေးဆရာအသင်း (ဗဟို) အမှုဆောင်နှင့် မြို့နယ်စာရေးဆရာအသင်း (နာယက) ဒေါက်တာ မြင့်သန်း (ညောင်လေးပင်)မှ နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် တတ်ရောက်လာကြ‌သော စာရေးဆရာအသင်းအဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်တို့က ၄င်းတို့ ​ဖတ်ရှုမှတ်သား၊ ရေးသားထားသော ဆောင်းပါးများ၊ ကဗျာများအား အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်စာစောင်များနှင့် နံရံစာစောင်များအား လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)