မက်မန်း မတ် ၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးတားလမ်း ပြုလုပ်ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် (၇:၃၀)နာရီအချိန်က အမှတ်(၂)ရပ်ကွက် နောက်ကျောဘက် မြို့ပတ်လမ်းဟောင်းတွင် ပြုလုပ်ခဲ့သည်။
ထိုသို့ မီးတားလမ်း ပြုလုပ်ဆောင်ရွက်ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သောင်း ဦးဆောင်၍ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ရတခလရ(၂၂၅)မှ ဗကခိုင်ဇော်ဦးနှင့်တပ်ဖွဲ့ဝင်များ၊ အရာရှိစစ်သည်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများသည် မက်မန်းမြို့ မီးဘေးလုံခြုံမှုရှိစေရန်အတွက် အမှတ်(၂)ရပ်ကွက် နောက်ကျောဘက်ရှိ မြို့ပတ်လမ်းဟောင်းတလျှောက် မီးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် လမ်းဘေး(ဝဲ၊ယာ)ရှိ ရေနုတ်မြောင်းများတွင် ပိတ်ဆို့နေသော အမှိုက်သရိုက်များ ဆယ်ယူရှင်းလင်းခြင်း၊ ခြုံနွယ်ပိတ်ပေါင်းများအားရှင်းလင်းခြင်း၊ သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းခြင်း၊ ရှင်းလင်းရေးဆောင်ရွက်သောအမှိုက်များကို စည်ပင်သာယာရေးဌာနမှ အမှိုက်ကားဖြင့် စနစ်တကျစွန့်ပစ်ခဲ့ကြသည်။ အဆိုပါ မီးတားလမ်းပြုလုပ်ရာတွင် အင်အားစုစုပေါင်း (၁၅၀)ဦးက စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment