ကသာပညာရေးဒီဂရီကောလိပ်နှင့် လားရှိုးပညာရေးဒီဂရီကောလိပ်တို့ ပူးပေါင်း၍ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်သည့် အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကသာပညာရေးဒီဂရီကောလိပ်နှင့် လားရှိုးပညာရေးဒီဂရီကောလိပ်တို့ ပူးပေါင်း၍ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်သည့် အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်


ကသာ မတ် ၁၇

ကသာပညာရေးဒီဂရီကောလိပ်နှင့် လားရှိုးပညာရေးဒီဂရီကောလိပ်တို့ ပူးပေါင်းကျင်းပသော ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးပွဲကို မတ် ၁၄ ရက်နေ့ မွန်းလွဲ (၃) နာရီအချိန်က မန္တလေးမြို့ အမှတ် (၂) အခြေခံပညာဦးစီးဌာန(ရုံးဟောင်း) မြတ်မင်္ဂလာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရှင်းလင်းပွဲတွင် ကသာပညာရေးဒီဂရီကောလိပ်မှ ဒုတိယကျောင်းအုပ်ကြီး ဒေါ်လဲ့လဲ့ခိုင်က  ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ပြည်သူ့စစ်မှုထမ်းအက်ဥပဒေသည် ၁၉၅၉ ခုနှစ်မှ စတင်ခဲ့ကြောင်း၊ အဆိုပါဥပဒေကို ၂၀၁၀ ပြည့်နှစ်တွင် ပြင်ဆင်သတ်မှတ်ခဲ့ကြောင်း၊ ယခု ၂၀၂၄ ခုနှစ်တွင် စတင် အာဏာသက်ဝင်ကြောင်းနှင့် အဆိုပါဥပဒေနှင့်ပတ်သက်၍ နည်းဥပဒေများရေးဆွဲ၍ လုပ်ငန်းစဉ်များ ဆောင်ရွက်ဆဲဖြစ်ကြောင်းနှင့် မလိုလားအပ်သည့် မီဒီယာအချို့နှင့် လူမှုကွန်ရက်စာမျက်နှာများ (Facebook, Telegram, TitTok) မှ မဟုတ်မမှန်သတင်းအမှားများကို မယုံကြည်ကြရန် စသည်တို့ကို  ရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်၍ လားရှိုးပညာရေးဒီဂရီကောလိပ်၊ လူမှုရေးဘာသာရပ်များဌာနမှ ကထိက ဒေါ်သူဇာယဉ်က ပြည်သူ့စစ်မှုထမ်းဥပဒေရည်ရွယ်ချက်၊ စစ်မှုထမ်းရမည့်အသက်အရွယ်၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ ပြည်သူ့စစ်မှုထမ်းရခြင်းမှကင်းလွတ်ခွင့်ပြုသည့်သူများအကြောင်းတို့ကိုလည်းကောင်း၊ လူမှုရေးဘာသာရပ်များဌာနမှ ကထိက ဒေါ်နန်းလွင်က ပြည်သူ့စစ်မှုထမ်းစနစ်ကျင့်သုံးရခြင်းနှင့် အမျိုးသားရေးတာဝန်များ၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များအကြောင်းတို့ကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ထို့နောက် တက်ရောက်လာကြသည့် ဆရာ၊ဆရာမများ၊ ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များကို အသီးသီးမေးမြန်းခဲ့​​ကြရာ ပညာရေးဒီဂရီကောလိပ်မှ ဒုတိယေကျာင်းအုပ်ကြီးနှင့် တာဝန်ရှိသူများက ဆွေးနွေးမှုများကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။ အဆိုပါ ရှင်းလင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသော ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာ သတင်းစကားလက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့သည်။


ကျော်စွာ(ကသာ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)