မိုးညှင်းတက္ကသိုလ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် နှစ်လည်မဂ္ဂဇင်းစာမူရှင်များအား ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးညှင်းတက္ကသိုလ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် နှစ်လည်မဂ္ဂဇင်းစာမူရှင်များအား ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ

 


မိုးညှင်း မတ် ၁၇

ကချင်ပြည်နယ် မိုးညှင်းတက္ကသိုလ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် နှစ်လည်မဂ္ဂဇင်းအတွက် စာမူရှင်များအား ဂုဏ်ပြုပွဲအခမ်းအနားကို မတ်လ (၁၅) ရက် မွန်းလွဲ (၃) နာရီက တက္ကသိုလ် ရတနာခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာမဉ္ဇူမင်းက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် နှစ်လည်မဂ္ဂဇင်းထုတ်ဝေခဲ့ရာတွင် အဘက်ဘက်မှ ပံ့ပိုးပါဝင်ကူညီခဲ့ကြသော စာမူရှင်များဖြစ်ကြသည့် မြို့နယ်စာရေးဆရာအသင်းမှ အဖွဲ့ဝင်များ၊ တက္ကသိုလ်မှ ဆရာ၊ ဆရာမများနှင်း ကျောင်းသား၊ ကျောင်းသူများအား မိုးညှင်းတက္ကသိုလ်မှ ယခုလို ဂုဏ်ပြုရခြင်းဖြစ်ပါကြောင်း ပြောကြားပြီး တက္ကသိုလ်နှစ်လည်မဂ္ဂဇင်းကော်မတီဥက္ကဋ္ဌ ဒဿနိကဗေဒဌာနမှ ပါမောက္ခ (ဌာနမှူး) ဒေါက်တာမြင့်ငွေက ယခုနှစ်မဂ္ဂဇင်းစာအုပ်များ အောင်မြင်စွာ ထုတ်ဝေနိုင်ခဲ့မှုနှင့်ပတ်သက်၍ ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ထို့နောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် နှစ်လည်မဂ္ဂဇင်းမှ စာမူရှင်စုစုပေါင်း (၅၇) ဦးအား တက္ကသိုလ်ပါမောက္ခချုပ်နှင့် ပါမောက္ခ (ဌာနမှူး) များက မဂ္ဂဇင်းစာအုပ်နှင့် ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်ခဲ့ကြပြီး စာမူရှင်များကိုယ်စား စာမူရှင်တစ်ဦးက ကျေးဇူးတင်စကာပြောကြာပြီးနောက် အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။


ရွှေမိုးညှင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)