ကလောမြို့နယ်၌ စာပေချစ်သူများအသင်း (Book Club) အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကလောမြို့နယ်၌ စာပေချစ်သူများအသင်း (Book Club) အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းပြုလုပ်




ကလော မတ် ၁၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်သူများအသင်း (Book Club) အဖွဲ့တို့ ပူးပေါင်း၍ ယမန်နေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာ တက္ကသိုလ်ဘုန်းနိုင် ရေးသားသည့် “သူ့ကျွန်မခံပြီ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်‎ ဒေါ်သီတာဝင်း၊ ဒေါ်ပြည့်ဖြိုးကြွယ်၊ ဒေါ်ခင်နှင်းပန်းလှိုင်နှင့် ဒေါ်စိုးသဉ္စာအောင်တို့က စာရေးဆရာ တက္ကသိုလ်ဘုန်းနိုင် ရေးသားသည့် “သူ့ကျွန်မခံပြီ” စာအုပ်ထဲမှ အကြောင်းအရာများအား ဖတ်ကြားဆွေးနွေးခဲ့ရာ ဆွေးနွေးချက်များအပေါ် မြို့နယ်ဦးစီးအရာရှိနှင့် (Book Club) အဖွဲ့ဝင်များက ပြန်လည်ဝေဖန်သုံးသပ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)