မအူပင် မတ် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၊ အမှတ် (၃)ရပ်ကွက်ရှိ ရွှေဘုန်းမြင့်စေတီတော်မြတ်ကြီး၏ ထီးတော်၊ ငှက်မြတ်နားတော်နှင့် စိန်ဖူးတော်အား ဒေသခံပြည်သူများ ဖူးမျှော်ကြည်ညိုလှူဒါန်းနိုင်ရန်အတွက် မြို့တွင်းသို့လှည့်လည်အပူဇော်ခံပွဲကို ယနေ့နံနက် (၇) နာရီအချိန်မှ စတင်ကျင်းပသည်။
ရွှေဘုန်းမြင့်စေတီတော်မြတ်ကြီး၏ ထီးတော်၊ ငှက်မြတ်နားတော်နှင့် စိန်ဖူးတော်များအား မြို့တွင်းသို့လှည့်လည်အပူဇော်ခံရာတွင် ဘုရားလမ်းမှ မင်းလမ်း၊ မင်းလမ်းမှ မြို့သစ်လမ်း၊ မြို့သစ်လမ်းမှ ဆယ်လန်း၊ ဆယ်လန်းမှ ကမ်းနားလမ်း၊ ကမ်းနားလမ်းမှ (၃) လမ်း၊ (၃) လမ်းမှ မြို့ရှောင်လမ်း၊ မြို့ရှောင်လမ်းမှ ရေလဲလမ်းအတိုင်း ကြွချီအပူဇော်ခံခဲ့ရာ လမ်းတစ်လျှောက်ရှိ ပြည်သူများမှ ဖူးမျှော်၍ လှူဖွယ်ဝတ္ထုများလှူဒါန်းခဲ့ကြသည်။
အဆိုပါလှည့်လည်အပူဇော်ခံပွဲသို့ ခရိုင်/မြို့နယ်အဆင့်တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များနှင့် ဘုရားဂေါပကအဖွဲ့ဝင်များ၊ ထီးတော်၊ ငှက်မြတ်နားတော်နှင့် စိန်ဖူးတော်တင်လှူပူဇော်ရေးကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး (၂၂-၃-၂၀၂၄) (သောကြာနေ့)တွင် ထီးတော်၊ ငှက်မြတ်နားတော်နှင့် စိန်ဖူးတော်များအား တင်လှူပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment