နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိရာမှ တပ်ရင်းဌာနချုပ်ရှိ မိသားစုဝင်များရှိရာသို့ ပြန်လည်စုဖွဲ့လေ့ကျင့်လျက်ရှိသော တပ်မတော်သားများ စိတ်ပျော်ရွှင်ကြည်နူးချမ်းမြေ့စေရန်အတွက် ဂုဏ်ပြုဖျော်ဖြေပွဲ ကျင်းပပြုလုပ်နေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိရာမှ တပ်ရင်းဌာနချုပ်ရှိ မိသားစုဝင်များရှိရာသို့ ပြန်လည်စုဖွဲ့လေ့ကျင့်လျက်ရှိသော တပ်မတော်သားများ စိတ်ပျော်ရွှင်ကြည်နူးချမ်းမြေ့စေရန်အတွက် ဂုဏ်ပြုဖျော်ဖြေပွဲ ကျင်းပပြုလုပ်နေ



နေပြည်တော်၊ မတ် ၁၉

တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ တိုင်းရင်းသားပြည်သူများ စိတ်အေးချမ်းသာစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေးနှင့် အသက်အိုးအိမ်စည်းစိမ်ဥစ္စာ လုံခြုံမှုရှိစေရေးအတွက် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို မိဝေးဖဝေး၊ မိသားစုများနှင့်ဝေးကွာ၍ နေ့မအားညမနား စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်လျက်ရှိရာမှ တပ်ရင်းဌာနချုပ်ရှိ မိသားစုဝင်များရှိရာသို့ ပြန်လည်စုဖွဲ့လေ့ကျင့်လျက်ရှိသော တပ်မတော်သားများ စိတ်ပျော်ရွှင်ကြည်နူးချမ်းမြေ့စေရန်အတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိ နယ်လှည့်ပြည်သူ့ဆက်ဆံရေးအဖွဲ့များမှ အရာရှိ၊ စစ်သည်၊ စစ်သမီးများက တိုင်းစစ်ဌာနချုပ်အသီးသီးရှိ ရှေ့တန်းစခန်းများနှင့် နယ်မြေခံတပ်ရင်းဌာနချုပ်များသို့ အလှည့်ကျသွားရောက်၍ ကိုယ်ချင်းစာစိတ် အပြည့်အဝဖြင့် ဂုဏ်ပြုဖျော်ဖြေလျက်ရှိသည်။

ထိုသို့ သွားရောက်ဂုဏ်ပြုသီဆိုကပြဖျော်ဖြေလျက်ရှိရာယနေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ကလိန်အောင်မြို့ရှိ တပ်နယ်ခန်းမ၌ နယ်လှည့်ပြည်သူ့ဆက်ဆံရေးအဖွဲ့များမှ အရာရှိ၊ စစ်သည်၊ စစ်သမီးများက စစ်ချီတေး၊ စစ်သည် တေးသီချင်းများ၊ ခေတ်ပေါ်နှင့် ခေတ်ဟောင်းတေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေကြရာ အောင်ပွဲရရှေ့တန်းပြန်တပ်မတော်သားများနှင့် မိသားစုဝင်များက စိတ်လက်ပျော်ရွှင်ကြည်နူး ချမ်းမြေ့စွာဖြင့် ကြည့်ရှုအားပေး၍ လွတ်လပ်ပေါ့ပါးစွာဖြင့် အတူတကွပါဝင်သီဆိုကြသည်။ ထိုကဲ့သို့ လာရောက်သီဆိုဖျော်ဖြေပေးကြသည့် အဖွဲ့သူ၊ အဖွဲ့သားများကို နယ်မြေခံတပ်မှ တာဝန်ရှိသူများနှင့် မိသားစုဝင်များက ဒေသထွက်လက်ဆောင်ပစ္စည်းများပေးအပ်ကြပြီး ဒေသထွက်အစားအစာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)