မတ္တရာမြို့နယ်၊ ရွေးစုကျေးရွာမှ နာရေးကူညီမှုအသင်းရုံးနှင့် ကားများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်ပြီးမီးရှို့ဖျက်ဆီးသွားကြောင်း သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မတ္တရာမြို့နယ်၊ ရွေးစုကျေးရွာမှ နာရေးကူညီမှုအသင်းရုံးနှင့် ကားများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်ပြီးမီးရှို့ဖျက်ဆီးသွားကြောင်း သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ


နေပြည်တော်၊ မတ် ၁၉

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ရွေးစုကျေးရွာကို မတ်လ ၁၈ ရက်နေ့က လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ကျေးရွာအတွင်းပစ်ခတ်ဝင်ရောက်ပြီး နာရေးကူညီမှုပရဟိတအသင်းရုံးနဲ့ကားကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း မဟုတ်မမှန်စွပ်စွဲရေးသားထားသည့် သတင်းတု၊ သတင်းအမှားများကို ပြည်သူများ အထင်အမြင်လွဲမှားစေရန် တရားမဝင်ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်ပေါ်တွင် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ မတ္တရာမြို့နယ်မှ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ရွေးစုကျေးရွာမှ နာရေးကူညီမှုအသင်းရုံးနှင့်ကားများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်ခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းမရှိကြောင်း သိရှိရသည်။ မတ္တရာမြို့နယ်အတွင်း တည်ငြိမ်အေးချမ်းရေးနှင့် PDF အမည်ခံအကြမ်းဖက်သမားများ ဝင်ရောက်လှုပ်ရှားမှုမရှိစေရန်အတွက် ဒေသခံပြည်သူများနှင့်လက်တွဲ၍ နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိရာ မတ်လ ၁၈ ရက်နေ့က အများပြည်သူအသုံးပြုလျက်ရှိသည့် ရွေးစုကျေးရွာနှင့် လက္ကောင်းကြီးကျေးရွာသွား မြေသားလမ်းပေါ်တွင် PDF အမည်ခံအကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်မိုင်းများတွေ့ရှိရသဖြင့် ပြည်သူများထိခိုက်မှုမရှိစေရန်အတွက် စနစ်တကျ ဖောက်ခွဲဖျက်ဆီးခဲ့ရကြောင်း သိရှိရသည်။

တရားမဝင်ပြည်ဖျက်မီဒီယာများသည် ပြည်သူများအား ထင်ယောင်ထင်မှားဖြစ်စေရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အထင်အမြင်လွဲမှားစေရန်အတွက် ဖြစ်စဉ်ဖြစ်ရပ်များကို အခြေခံကာ သတင်းတု၊ သတင်းအမှားများကို တစ်ဖက်သတ် စွပ်စွဲရေးသားဖြန့်ဝေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)