ပုသိမ်ကြီးမြို့နယ်တွင် သစ္စာအဓိဌာန်အောင်ရွှေစာရံ ဘုရားကြီး၏(၇၆)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုသိမ်ကြီးမြို့နယ်တွင် သစ္စာအဓိဌာန်အောင်ရွှေစာရံ ဘုရားကြီး၏(၇၆)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားကျင်းပ





ပုသိမ်ကြီး၊ မတ် ၂၄

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်အတွင်းရှိ  သစ္စာအဓိဌာန်အောင် ရွှေစာရံဘုရားကြီး၏(၇၆)နှစ်မြောက် ဗုဒ္ဓပူဇနိယဘုရားပွဲတော် ဖွင့်ပွဲအခမ်းအနားကို  ယနေ့ နံနက် (၈) နာရီက ရွှေစာရံဘုရားကြီး မုခ်ဦးရှေ့တွင်ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်သည့် မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦး၊ လူမှုရေးရာဝန်ကြီး ဦအောင်ကျော်မိုး၊ ဥပဒေချုပ် ဦးမြင့်အောင်၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်သည့် တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုး၊ စီးပွားရေးရာဝန်ကြီး၊ ဦးသိန်းဌေး၊ အောင်မြေသာစံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆွေ၊ ရွှေစာရံဘုရား ဂေါပကအဖွဲ့  ဒုတိယဥက္ကဋ္ဌ ဦးခင်ဆောင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးျမားနွင့် တာဝန်ရွိသူျမားသည် ဒုဌဝတီမြစ်အတွင်း ဇီဝိတဒါန ငါးလွတ်ခြင်းျမားကို ဆောင်ရွက်ခဲ့ကြပြီးနောက် ရွေစာရံဘုရားကြီးအား ဆွမ်း၊ ပန်း၊ ရေချမ်း ကပ်လှူခြင်းျမားဆောင်ရွက်ကာ ဗုဒ္ဓသန္တက ဗိမာန်တော်ကြီးတွင် ပင့်သံဃာ အရွင်သူမြတ်တို့အား လှူဖွယ်ဝတ္ထု စုံလင်စွာဖြင့် နေ့ဆွမ်းကပ်လှူဒါန်းကြသည်။

အဆိုပါဘုရားပွဲတော်ကို တပေါင်းလပြည့်ကျော် (၉)ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး ပွဲတော်ကာလအတွင်းအသံမစဲ ပဌာန်းရွတ်ဖတ်ခြင်း၊ ဓမ္မစက်ကြာ ရွတ်ဖတ်ပူဇော်ခြင်း၊ ငါးလွတ်ပွဲများ၊ ပင့်သံဃာတော် အရှင်သူမြတ်တို့အား စာရေးတန်မဲ လောင်းလှူခြင်း၊ ရိုးရာခြင်းလုံးအလှခတ်ပွဲများ၊ စတုဒိသာ ကျွေးမွေးခြင်းနှင့် တရားပွဲများ ထည့်သွင်းကာ ကျင်းပသွားမည်ဖြစ်ပြီး အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)