ဒေးဒရဲမြို့၌ အစိုးရပါဠိပထမ​ပြန်စာမေးပွဲကြီး အောင်မြင်စွာ ကျင်းပပြီးစီးရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒေးဒရဲမြို့၌ အစိုးရပါဠိပထမ​ပြန်စာမေးပွဲကြီး အောင်မြင်စွာ ကျင်းပပြီးစီးရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကျင်းပ




ဒေးဒရဲ မတ် ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် သာသနာတော် တည်တံ့ပြန့်ပွားရေးနှင့် စာမေးပွဲကြီးမှတစ်ဆင့် သာသနာ့အာဇာနည် အရှင်မြတ်များ ပေါ်ထွန်းလာပြီး သာသနာတော် အကျိုးကို သယ်ပိုးထမ်းရွက်သွားနိုင်စေရန် ရည်ရွယ်၍ အစိုးရပါဠိပထမပြန်စာမေးပွဲကြီး အောင်မြင်စွာကျင်းပပြီးစီးရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၃)နာရီက မင်္ဂလာကံကျောင်းတိုက်ရှိ ထေရဝါသကျောင်းဆောင်တွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ် အတွင်းရှိ သြဝါဒဆရာတော်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဘာသာရေးနှင့် လူမှုရေးအသင်းများက တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် တက်ရောက်လာသူများက နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနား ဖွင့်လှစ်ခဲ့ပြီး  မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တပညာစာရက သြဝါဒကထာ ချီးမြှင့်ခဲ့သည်။ ဆက်လက်၍ စာမေးပွဲကျင်းပရေး မြို့နယ်လုပ်ငန်းကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးကျော်ကျော်က သာသနာရေးဆိုင်ရာများ လျှောက်ထားခြင်းနှင့် စာမေးပွဲ ကျင်းပရေးဆပ်ကော်မတီ အသီးသီးက တာဝန်ယူလုပ်ကိုင်မည့် စာမေးပွဲကြီးကြပ်ရေး၊ ဘဏ္ဍာငွေ ရှာဖွေရေး၊ အခမ်းအနား ကြိုတင်ပြင်ဆင်ရေး၊ ဆွမ်းဆက်ကပ်လှူဒါန်းရေး၊ ကျန်းမာရေးနှင့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ပေးမည့် အခြေအနေများကို တင်ပြလျှောက်ထားခဲ့ရာ မြို့နယ် သံဃနာယကအဖွဲ့ဝင် ဆရာတော်များက နိဂုံးချုပ်သြဝါဒကထာမိန့်ကြားခဲ့ပြီး ကြွရောက်လာ သည့် ဆရာတော်များနှင့် တက်ရောက်လာသူများက ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို  ပိတ်သိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ အစိုရပါဠိပထမပြန်စာမေးပွဲကို ၂၀၂၄ ခုနှစ် ဧပြီလ (၃)ရက်နေ့မှ  (၉) ရက်နေ့ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ဒေးဒရဲမြို့နယ်အတွင်းရှိ စာသင်တိုက် (၇)တိုက်ရှိ  စာဖြေသံဃာ အပါး (၁၁၃) ပါး ဝင်ရောက်ဖြေဆိုသွားမည်ဖြစ်ရာ မြို့နယ်သံဃနာယကဆရာတော်ကြီးများ၊ သြဝါဒ ဆရာတော်ကြီးများ၏ သြဝါဒနှင့်အညီ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အလှူရှင်များ၊ အသင်း အဖွဲ့များ စုပေါင်း၍ အစိုရပါဠိပထမပြန် စာမေးပွဲကြီးတွင် ကြွရောက်လာမည့် ကြီးကြပ်ရေး ဆရာတော်များနှင့် စာဖြေရှင်သာမဏေအပေါင်း ကိုယ်စိတ်နှလုံး ချမ်းသာစွာဖြင့် စာမေးပွဲကြီး အား ဖြေဆိုပြီးစီးရေး ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


အေဇာလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)