မော်လမြိုင်၊ မတ် ၁၉
ပဲခူး - မော်လမြိုင် ရထားလမ်းရှိ မိုင်းခွဲဖျက်ဆီးခံရသည့် ရထားပေါင်းကူးတံတားအား ပြုပြင်နေသောအဖွဲ့ကို KNU/PDF အကြမ်းဖက်သမားများက ယနေ့ ထပ်မံ၍ ဒရုန်းအသုံးပြုပြီး Drop Bomb ဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
KNU/PDF အကြမ်းဖက်သမားများက ဒရုန်းဖြင့် Drop Bomb ပစ်ချတိုက်ခိုက်ရာ ရထားလမ်းပြုပြင်နေသည့် နေရာအနီး ရော်ဘာခြံအတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ပေါက်ကွဲမှုဖြစ်စဉ်အတွင်း လူထိခိုက်မှုမရှိကြောင်း သိရသည်။
ယမန်နေ့က ပဲခူး-မော်လမြိုင်လမ်းပိုင်း၌ သဲဖြူကုန်းမှ ကလိခရီးစဉ်အဖြစ် ထွက်ခွာလာသည့် အမှတ် (၆၈၆) အစုန်ကျောက်ရထားသည် မွန်ပြည်နယ် သထုံမြို့နယ် သိမ်ဆိပ်ဘူတာမှ နံနက် ၆ နာရီ ၅၅ မိနစ်တွင် ထွက်ခွာပြီး သိမ်ဆိပ်ဘူတာနှင့် ဒုံဝန်းဘူတာအကြား မိုင်တိုင်အမှတ်၊ ၁၂၃/၁-၁၂၂/၂ အကြား ရထားဖြတ်သန်းစဉ် နံနက် ၇ နာရီ ၁၀ မိနစ်အချိန်၌ KNU/PDF အကြမ်းဖက်သမားများ ထောင်ထားသည့် အဝေးထိန်းစနစ်ဖြင့် ဖောက်ခွဲသော မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့သဖြင့် ရထားတွဲဆိုင်း (၆)တွဲ လမ်းချော်ကျမှုဖြစ်ပွားခဲ့သည်။
ပဲခူး - မော်လမြိုင် ရထားလမ်းတွင် KNU/PDF အကြမ်းဖက်သမားများက မကြာခဏ တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိသည်။
#News

No comments:
Post a Comment