ပိုင်ကျုံမြို့ရှိ မိုးနိုင်းကျေးရွာအုပ်စုနှင့် မိကြောင်ကျေးရွာအုပ်စုတို့ကို ဆက်သွယ်ထားသည့်မြေသားလမ်း မြေသားဘောင်ချဲ့ခြင်းနှင့် မြေနီခင်းခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပိုင်ကျုံမြို့ရှိ မိုးနိုင်းကျေးရွာအုပ်စုနှင့် မိကြောင်ကျေးရွာအုပ်စုတို့ကို ဆက်သွယ်ထားသည့်မြေသားလမ်း မြေသားဘောင်ချဲ့ခြင်းနှင့် မြေနီခင်းခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး



ပိုင်ကျုံ   မတ်   ၂၀

ကရင်ပြည်နယ် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေးအတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အတွင်း ပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ပိုင်ကျုံမြို့ မိုးနိုင်းကျေးရွာအုပ်စုနှင့် မိကြောင် ကျေးရွာအုပ်စု ဆက်သွယ်ထားသည့် မြေသားလမ်းအား မြေသားဘောင်ချဲ့နှင့်မြေနီခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါလမ်းသည်ဆောင်ရွက်ရာတွင် မိုးနိုင်း-မိကြောင်-သမိုကျေးရွာအုပ်စုတို့ ဆက်သွယ်သည့် လမ်းဖြစ်ပြီး အကျယ် ၁၈ပေရှိမြေသားလမ်းအား အရှည် ၂ မိုင် အကျယ် ၂၆ ပေထိ မြေသား ဘောင်ဖောက်ကာ မြေနီခင်းခြင်းလုပ်ငန်းကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတွင်စတင်ဆောင်ရွက်ခဲ့ရာ လုပ်ငန်းများသတ်မှတ်အချိန်ကာအတွင်း အချိန်မီပြီးရေးအတွက် တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယခုအခါလမ်းဖောက်လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီးဖြစ်၍ မိုးနိုင်း-မိကြောင်-သမိုကျေးရွာ အုပ်စုအတွင်းရှိ ဒေသနေပြည်သူများအနေဖြင့် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် လူမှုရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမို‌အဆင်ပြေချောမွေ့လာပြီး ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)