သံတောင်ကြီးမြို့နယ်၊ ရွှေညောင်ပင်ကျေးရွာ ဒေသခံပြည်သူများ သောက်သုံးရေရရှိရေး ဆောင်ရွက်ပေးနိုင်ခဲ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတောင်ကြီးမြို့နယ်၊ ရွှေညောင်ပင်ကျေးရွာ ဒေသခံပြည်သူများ သောက်သုံးရေရရှိရေး ဆောင်ရွက်ပေးနိုင်ခဲ့



သံတောင်ကြီး           မတ်    ၂၀

သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ ဒေသခံများအနေဖြင့် သောက်သုံးရေများကို တောတောင်များမှ ထွက်ရှိသည့် စိမ့်စမ်းရေကို အဓိကသွယ်ယူသုံးစွဲကြရသည်။

ထိုသို့ သွယ်ယူရာတွင် မြေအနေအထား၊ အကွာအဝေးအပေါ် မူတည်၍ ကုန်ကျစရိတ်လည်း များပြားပြီး အခက်အခဲများ ရှိသည့်အတွက် မြို့နယ်ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း သံတောင်ကြီးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ သောက်သုံးရေ အဆင်ပြေစေရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

အဆိုပါ သောက်သုံးရေသွယ်တန်းခြင်း လုပ်ငန်းကို ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ရန်ပုံငွေကျပ် (၈၇) သိန်းဖြင့် မြို့နယ်ကျေးလက်ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနက ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး မတ်လဒုတိယပတ်အတွင်း ရွှေညောင်ပင်ကျေးရွာအတွက် (၁)လက်မ GI (သံပိုက်) ပေ(၁၄၀၀)သွယ်တန်းခြင်းနှင့် မော်တာပန့်တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးခဲ့ရာ ကျေးရွာအတွင်းရှိ အိမ်ခြေ(၁၇၁) အိမ်လူဦးရေ (၈၇၀)ဦးအတွက် သောက်သုံးရေလွယ်ကူစွာရရှိနိုင်ပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးဇော်မင်းဦးက ပြောသည်။


နော်နော်မူ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)