တံတားဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုနေကြသည့် ကျောင်းသား/သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်၍ အားပေးစကား ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တံတားဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုနေကြသည့် ကျောင်းသား/သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်၍ အားပေးစကား ပြောကြား

 



တံတားဦး မတ် ၁၂

တံတားဦးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် တံတားဦးမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်း၊ အထက်တန်းကျောင်း(ခွဲ)များ တက္ကသိုလ်ဝင်တန်းသို့ အဝေးမှလာရောက် ဖြေဆိုကြသည့် ကျောင်းသား/သူများအား တည်းခိုနေထိုင်ကြသည့် နေရာများသို့ တံတားဦးခရိုင် တံတားဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦဂတင်ကိုလင်း၊ တံတားဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ကျောင်းသား/သူများ၊ ဆရာ/မများ၊ မိဘအုပ်ထိန်း သူများအား ယမန်နေ့ ညနေ (၄) နာရီက လိုက်လံတွေ့ဆုံ၍ ထောက်ပံ့ပစ္စည်းများ ပေးအပ်ကာ အားပေးစကားပြောကြားကြောင်း သိရသည်။

                                                 ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကိုလင်းက တက္ကသိုလ်ဝင်တန်း ဖြေဆိုကြမည့် ကျောင်းသား/သူများ အဆင်ပြေ ချောမွေ့စွာ ဖြေဆိုနိုင်ရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးရန်လိုကြောင်း  စာဖြေဆိုသူနှင့်  စာမေးပွဲလုပ်ငန်း အနှောင့်အယှက် မဖြစ်ရေးအတွက် အထူးဂရုတစိုက် ဆောင်ရွက်ပေးစေလိုကြောင်း၊ ကျောင်းသား/သူများ အနေအထိုင် အစားအသောက်မှုနှင့် ကျန်းမာရေး အခြေအနေများအား အလေးထား ဆောင်ရွက်ပေးစေလိုကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများအား  ပြောကြားကာ ကျောင်းသား/သူများအနေဖြင့် တက္ကသိုလ်ဝင်တန်းသည် မိမိတို့ဘဝအတွက် အလွန်အရေးကြီးပါကြောင်း၊ မိမိတို့အနေဖြင့် စိတ်အေးချမ်းစွာဖြင့် ဖြေဆိုလိုပါကြောင်းနှင့် အစားအသောက်များကိုလည်း ဂရုတစိုက်နေထိုင် စားသောက်စေလိုပါကြောင်း ကျောင်းသား/သူများအား အားပေးစကားပြောကြားသည် ။

                        ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကိုလင်းနှင့်တာဝန်ရှိသူများက ကျောင်းသား/သူများ ၊ ဆရာ/မများ ၊ အုပ်ထိန်းသူများအား ခေါက်ဆွဲခြောက်ထုပ် ၊ ကော်ဖီမစ်ထုပ် ၊ လက်ဖက်အစိုများနှင့် စာရေးကိရိယာများကို ထောက်ပံ့ပေးအပ်ခဲ့ရာ ဆရာ/မများမှ လက်ခံရယူကာ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်း သိရသည်။


ရဲတင့်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)