လိပ်သို မတ် ၁၂
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသတွင် Robusta ကော်ဖီစေ့များ ဒေသအခေါ် ကော်ဖီအသေးများ ယခုနှစ်တွင် ဈေးကောင်းရရှိလာ၍ စိုက်ပျိုးထုတ်လုပ်သူတောင်သူများနှင့် သိုလှောင်ရောင်းဝယ်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ယခင်က ဒေသထွက် ရိုဘတ်စတာ ကော်ဖီစေ့ တစ်ပိဿာလျှင် (၁၂၀၀ဝိ/-) ကျပ် အထိသာ ဈေးရရှိခဲ့ပြီး ယခုနှစ်တွင် ကော်ဖီစေ့ တစ်ပိဿာလျှင် (၁၄၅၀ဝိ/-) ဈေးအထိ ရရှိလာခြင်းဖြစ်ကာ အာရေဗီးကား ကော်ဖီစေ့များကဲ့သို့ တစ်ပိဿာလျှင် (၁၆၀၀ဝိ/-) ကျပ်အထိ ဈေးရရှိရန် မျှော်လင့်လျက်ရှိကြောင်း သိရသည်။
ရိုဘတ်စတာကော်ဖီစေ့များ ဈေးကောင်းရရှိလာသောကြောင့် ဒေသခံတောင်သူများအနေဖြင့် လာမည့် စိုက်ပျိုးရာသီတွင် ရိုဘတ်စတာနှင့် အာရေဗီးကား ကော်ဖီမျိုး (၂) မျိုးလုံးကို တိုးချဲ့ စိုက်ပျိုးရန် ပြင်ဆင်လျက်ရှိနေပြီး ကော်ဖီပျိုးပင်များ ပျိုးထောင်ခြင်း၊ ပျိုးပင်များ လုံလောက်စွာ ရရှိရေး ကြိုတင်မှာယူမှုများ ရှိနေပြီး စိုက်ပျိုးရန် ဥယျာဉ်ခြံမြေများကို ခုတ်ထွင်ရှင်းလင်းမှုများလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခင်လေးနွယ်
https://t.me/MyanmarNationalPost

No comments:
Post a Comment