အမေရိကန်ပြည်ထောင်စုကြီး လောင်မီးကျပါစေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမေရိကန်ပြည်ထောင်စုကြီး လောင်မီးကျပါစေ



အမေရိကန်အစိုးရရဲ့ လက်ကိုင်တုတ်မီဒီယာတစ်ခုဖြစ်တဲ့ RFA သတင်းဌာန (မြန်မာပြည်ကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေတဲ့ ပြည်ဖျက်မီဒီယာ)မှာ ဖော်ပြထားတဲ့ သတင်းတစ်ပုဒ်က "အာဏာရှင်ဆန့်ကျင်တဲ့ အမျိုးသမီးတွေကို အမေရိကန်နဲ့ ငါးနိုင်ငံ အသိအမှတ်ပြု" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖော်ပြထားတာကို တွေ့ရပါတယ်။

ပြည်ဖျက်မီဒီယာတွေရဲ့ ဆိုလိုရင်းကတော့ ယနေ့ တပ်မတော်ဦးဆောင်တဲ့ နစကအစိုးရကို အာဏာရှင်လို့ ခေါင်းစဉ်တပ်ပြီး လှုံ့ဆော်လို့ ရသမျှ နီပိန်း၊ နီပိတ်တွေကို အာဏာရှင်ဆန့်ကျင်ရေးလှုံ့ဆော်ပြီး အကြမ်းဖက်လမ်းစဉ်ပေါ် တွန်းပို့ပေးခဲ့ကြတာ ဖြစ်ပါတယ်။ ပြည်ဖျက်မီဒီယာများထဲက RFA သတင်းဌာနက ခင်မောင်စိုး ဆိုရင် ပေါက်ပန်းစေး လုပ်ကြံဖန်တီး ရေးသားဖော်ပြမှုတွေကို ကျွမ်းကျင်ပိုင်နိုင်ပိရိစွာ လုပ်ဆောင်နိုင်သူ တစ်ဦးဖြစ်ပါတယ်။

လက်ရှိတပ်မတော်ဦးဆောင်တဲ့ နစကအစိုးရကိုသာ အာဏာရှင်လို့ သမုတ်နေကြတာပါ။ အမေရိကန်အစိုးရရဲ့ သြဇာခံ NLD အစိုးရရဲ့ အာဏာရှင်ထက်ဆိုးတဲ့ လုပ်ရပ်တွေကိုတော့ဖြင့် အမေရိကန်အစိုးရရဲ့ လက်ကိုင်တုတ်မီဒီယာတွေက ဖုံးဖိ ကာကွယ်ပေးတတ်ကြပါတယ်။ ဘာကြောင့်လဲဆိုရင် NLD အစိုးရဟာ အမေရိကန်ရဲ့ သြဇာခံ၊ သူတို့တွေသည် အမေရိကန်အစိုးရ ကျွေးတာကို စားနေတဲ့ အမေရိကန်ရဲ့ ခိုင်းနွားများအဖြစ်နဲ့ အလုပ် လုပ်နေကြလို့ပဲ ဖြစ်ပါတယ်။

သတင်းဖော်ပြချက်မှာ မီးတုတ်ကိုင်ပြီး လက်သုံးချောင်းထောင်ထားတဲ့ အမျိုးသမီးများပုံနဲ့ "အာဏာသိမ်းမှုကို တွန်းလှန်ဆန့်ကျင်နေကြတဲ့ အမျိုးသမီးတွေရဲ့ ရဲစွမ်းသတ္တိကို အသိအမှတ်ပြုတယ်လို့ အမေရိကန်ပြည်ထောင်စု၊ ဩစတေးလျ၊ ကနေဒါ၊ နယ်သာလန်နဲ့ နယူးဇီလန်နိုင်ငံတို့က မတ်လ ၈ ရက်နေ့ နိုင်ငံတကာ အမျိုးသမီးများနေ့မှာ ထုတ်ပြန်ပါတယ်။ ဒီအမျိုးသမီးတွေဟာ မိသားစုကို ထောက်ပံ့ပေး၊ စောင့်ရှောက်ပေးနေရင်းကနေ မြန်မာနိုင်ငံမှာ အားလုံးပါဝင်တဲ့ ဒီမိုကရေစီ ထူထောင်နိုင်ဖို့ ကြိုးပမ်းနေကြတာလို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။" လို့ ပြည်ဖျက်မီဒီယာ RFA ရဲ့ ဖော်ပြချက်မှာ တွေ့ရပါတယ်။

ဆိုတော့ ပြည်ဖျက်ပါတီ NLD ကနေ CRPH, NUG အကြမ်းဖက်အဖွဲ့များအဖြစ် အသွင်ပြောင်းသွားတဲ့ အဖွဲ့အစည်းတွေကို ဘယ်နိုင်ငံတွေက ကူညီပံ့ပိုးပေးနေသလဲဆိုတာကို ပြန်ကြည့်ရင် အမေရိကန်၊ သြစတေးလျ၊ ကနေဒါတို့က ဦးဆောင်ပြီးတော့ အကြမ်းဖက်အဖွဲ့အစည်းတွေကို ကူညီပံ့ပိုးပေးနေတာကို တွေ့ကြရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ အကြမ်းဖက်မှုတွေ ဖြစ်ပေါ်အောင် လှုံ့ဆော်ပြီး ပြည်ပကို ထွက်ပြေးကြတဲ့ နိုင်ငံရေးလုပ်စားသူတွေ ဘယ်ဆီကို ဦးတည်ပြေးသလဲ ပြန်ကြည့်မယ်ဆိုရင်လည်း အမေရိကန် နဲ့ သြစတေးလျကိုပဲ ဦးတည်ပြီး ပြေးတာကို တွေ့ကြရမှာဖြစ်ပါတယ်။

ကမ္ဘာ့အင်အားကြီး အမေရိကန်နိုင်ငံအနေနဲ့ နိုင်ငံငယ်များမှာ သြဇာခံအစိုးရများ ထားရှိနိုင်ရေး ဆောင်ရွက်ရာမှာ ဘက်ပေါင်းစုံ၊ နည်းစနစ်ပေါင်းစုံနဲ့ ကြိုးပမ်းခြင်း ဖြစ်ပါတယ်။ ငွေငတ်တဲ့ နိုင်ငံရေးလုပ်စားသူတွေကို ငွေနဲ့ သိမ်းသွင်းတယ်။ NLD ပါတီက နိုင်ငံရေးသမားတွေ၊ ၈၈ကျောင်းသားအိုကြီးတွေ၊ NLD လော်ဘီတွေဆိုတာ အခြေခံလူတန်းစားအဆင့်ပဲ ရှိတယ်။ ငွေနဲ့ သိမ်းသွင်းရအင်မတန်လွယ်တဲ့ အောက်တန်းစားမျိုးတွေကို အမေရိကန်က စည်းရုံးသိမ်းသွင်းတယ်။ နိုင်ငံရေးသမား ခိုင်းနွားတွေကို သိမ်းသွင်းပြီးတဲ့အခါ ခိုင်းနွားတွေကို အသုံးချပြီး လူငယ်၊ အမျိုးသမီး အလွှာပေါင်းစုံကို စည်းရုံးသိမ်းသွင်းတာ ဖြစ်ပါတယ်။

သရုပ်မှန်ကို အသေအချာ ခွဲခြားဆန်းစစ်ကြည့်မယ်ဆိုရင် တပ်မတော်ဦးဆောင်တဲ့ နစကအစိုးရအနေနဲ့ အာဏာရှင်ဆန်ဆန် လုပ်ဆောင်မယ်ဆိုရင် ယနေ့အချိန်အထိ နီပိန်း၊ နီပိတ်၊ ပဒက်တွေ အကြမ်းဖက်လှုပ်ရှားခွင့် ရမှာ မဟုတ်ပါဘူး။ တပ်မတော်ဦးဆောင်တဲ့ နစကအစိုးရဟာ မပြတ်သားဘူး။ နစကအစိုးရရဲ့ ယန္တရားအတွင်းမှာ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေရဲ့ လက်ပါးစေ ဖရဲသီးတွေကလည်း အတွင်းလှိုက်စားပြီး အစိုးရဂုဏ်သိက္ခာကျအောင် လုပ်နေတယ်။ နစကအစိုးရသာ အာဏာရှင်ဆန်ဆန် လုပ်မယ်ဆိုရင် တိုင်းပြည်မှာ ဒီထက် ပူပြီး ဆူဖို့ပဲ ရှိပါတယ်။

ပြည်ဖျက်မီဒီယာတွေ က တပ်မတော်ဦးဆောင်တဲ့ နစကအစိုးရ ကို အာဏာရှင်လို့ လုပ်ကြံဖန်တီးပြီး သမုတ်ကြတာပါ။ တကယ့် အာဏာရှင်တဲ့ ဆိုးတဲ့ ပြည်ဖျက်ပါတီ NLD ဦးဆောင်သူတွေဟာ ပြည်ပသြဇာခံ ပြည်ဖျက်မိစ္ဆာ အစွန်းရောက် အကြမ်းဖက်ဝါဒီများအဖြစ် လက်တွေ့ကျကျ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ပြည်ဖျက်ပါတီမှ CRPH, NUG, PDF အကြမ်းဖက်အဖွဲ့များအဖြစ် ပြောင်းလဲဖြစ်ပေါ်လာပြီးချိန်ကစလို့ ယနေ့အထိ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်း ၈ထောင်ထက်မနည်း သတ်ခဲ့ကြပြီးပြီမဟုတ်လား။ အခွင့်အရေးရရင် ရသလို အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများကို သတ်ဖြတ်ဖို့ ကြိုးပမ်းနေကြတုန်းပဲ မဟုတ်လား။ အဲဒီတော့ အာဏာရှင်ထက် ဆိုးတဲ့ အစွန်းရောက် အကြမ်းဖက်ဝါဒီတွေက အများပြည်သူကို ဒုက္ခပေးရုံမျှမကတော့ဘူး။ သူတို့ကို အားပေးထောက်ခံခြင်း မရှိရင် လူ့လောကထဲကနေပါ လူ့လောကထဲမှာ ရှင်သန်ခွင့်မရအောင် ရက်စက်စွာ သတ်ဖြတ်နေကြတယ် မဟုတ်လား။

အမေရိကန်အစိုးရရဲ့ ရည်ရွယ်ချက်ရှိရှိ ယုတ်မာရိုင်းစိုင်းပြီး အောက်တန်းကျလွန်းတဲ့ လုပ်ရပ်တွေကိုတော့ အော့နှလုံးနာလွန်းလို့ပါ။ သူ့ရဲ့ သြဇာခံ နိုင်ငံရေးနွားတွေကို အသုံးချပြီး အကြမ်းဖက်လှုံ့ဆော်တယ်။ လူငယ်၊ အမျိုးသမီး အလွှာစုံကို သိမ်းကြုံးလှုံ့ဆော်တယ်။ သူတို့အလိုကျ လိုက်ပါလုပ်ဆောင်သူတွေကို ဂုဏ်ပြုချီးမြှောက်တာတွေလည်း လုပ်ပေးတယ်။ နီပိန်း နီပိတ် ပြည်ဖျက်မိစ္ဆာတွေမှာ အမေရိကန်အစိုးရရဲ့ အလိုကျ ကိုယ့်ပြည်ကိုယ် ဖျက်ဆီးနေတာကို ဖျက်ဆီးနေမှန်း မသိနိုင်လောက်တဲ့ အခြေအနေမျိုးအထိကို စနစ်တကျ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ကျွန်တော့်ဘဝသက်တမ်းမှာ မြန်မာနိုင်ငံအပေါ် ယုတ်မာကောက်ကျစ်သော နိုင်ငံပေါင်းများစွာထဲက ထိပ်တန်းနိုင်ငံ ဆိုရင် အမေရိကန်ပဲ ဖြစ်ပါတယ်။ အကြမ်းဖက်ဝါဒီတွေကို အမြဲမပြတ် ကူညီပံ့ပိုးပေးပြီး မြန်မာပြည်တွင်းမှာ စစ်မီးတောက်လောက်နေအောင် အဆက်မပြတ် လုပ်ဆောင်နေတယ်။ မြန်မာနိုင်ငံအပေါ် ထိုကဲ့သို့ ယုတ်မာရိုင်းစိုင်းသော အမေရိကန်ပြည်ထောင်စုကြီးတွင်လည်း စစ်မီးတောက်လောင်ပါစေ။ တူသောအကျိုး ပေးပါစေ။ မြန်မာနိုင်ငံသား ပြည်သူအများ အတိဒုက္ခရောက်အောင် လုပ်ဆောင်နေသော အမေရိကန်အစိုးရတာဝန်ရှိသူများ၊ CIA တာဝန်ရှိသူများ အရှင်လတ်လတ် လောင်မီးကျပါစေသတည်း။


နောင်တော်လေး (ဘိုကလေး)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)