နိုင်ငံတော် သံဃမဟာနာယအဖွဲ့ အကျိုးတော်ဆောင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော် သံဃမဟာနာယအဖွဲ့ အကျိုးတော်ဆောင်

 


( ၂၀၂၄ - ခုနှစ် မတ်လ ၉ - ရက် မှ.......... )၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ မစိုးရိမ်တိုက်သစ် (ဒုတိယ) မဟာနာယကဆရာတော် ဘဒ္ဒန္တ ဝါသေဋ္ဌာဘိဝံသ မဟာထေရ် ၏ ထေရုပ္ပတ္တိအကျဉ်းချုပ်

                             

အရှင်ဝါသေဋ္ဌသည် မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်၊ ကိုးပင်ရွာ ခမည်းတော်ဦးအောင်မြတ်+မယ်တော် ဒေါ်တင်ကြည်တို့မှ ၁၃၁၅ခု၊ ကဆုန်လဆန်း(၁၀)ရက် ဗုဒ္ဓဟူးနေ့တွင် ဖွားမြင်သော သားရတနာဖြစ်သည်။ ငယ်စဉ်အခါ လောကီကျောင်း၌ ခေတ်ပညာကို အခြေခံမူလတန်းမှစ၍ အထက်တန်းအထိ ကျနစွာသင်ယူသည်၊ မိမိဆန္ဒအလျောက် ရွာဦးကျောင်းဆရာတော်၏ ချီးမြှောက်မှုကိုခံယူကာ မိဘနှစ်ပါးတို့၏ ပစ္စယာနုဂ္ဂဟဖြင့် (၁၃၃၅)ခု၊သီတင်းကျွတ်လပြည့်ကျော်(၈)ရက်နေ့တွင် သာသနာ့ဘောင်သို့ ဝင်ရောက်သည်။

မကွေးတိုင်း ဆင်ပေါင်ဝဲမြို့နယ် ကိုးပင်ရွာတွင် (၁၃၃၅)ခု၊တန်ဆောင်မုန်းလဆန်း(၇)ရက်နေ့ နံက်(၉း၄၇)နာရီအချိန်၌ ပုပ္ပါးဆရာတော်ဦးပဏ္ဍဝမထေရ်မြတ်ကြီးကို ဥပဇ္ဈာယ်ပြုလျက် ငယ်ဆရာ ညောင်ပင်သာလယ်ပြင်ကျောင်းဆရာတော် ဦးသူရိယ၏ အနုသာသနအဆုံးအမကို ခံယူကာ ရဟန်းဒါယကာရဟန်းဒါယိကာမများဖြစ်ကြသော ဦးထွန်းကြည်+ဒေါ်ကျင်လှတို့၏ ပစ္စယာနုဂ္ဂဟဖြင့် ကိုးပင်ရွာ လင်ပန်းချောင်းဥဒကုဋေပသိမ်တော်မြတ်၌ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်သည်။

ရန်ကုန် လမ်းမတော်သရက်တောတိုက် သာသနဝံသကျောင်း၊ ဓနုဖြူ ရွှေဟင်္သာတိုက်၊ ပြည်မြို့မဟာသုဒဿနာရာမတိုက်တို့၌ ပဌမလတ်တန်း ပြီးဆုံးသည်အထိ အခြေခံပရိယတ္တိ စာပေများကို သင်ယူသည်။

(၁၃၃၉)ခုနှစ် နယုန်လဆန်း(၁၂)ရက်နေ့၌ မန္တလေးမြို့ မစိုးတိုက်သစ် ဓမ္မဝိနယရံသီကျောင်း ဆရာတော်ဦးသိရိန္ဒာဘိဝံသထံ ရဟန်း(၃)ဝါအရ ရောက်ရှိသည်။

သကျသီဟ,စေတိယင်္ဂဏစာမေးပွဲစာများ ကျက်မှတ်ပြီး အလင်းတန်းနှင့်အတူ ဝင်ရောက်ဖြေဆိုခဲ့ရာ၊ (၁၃၄၀)ခုနှစ် စေတိယင်္ဂဏစာသင်တန်း (ဒုတိယ)၊ အစိုးရအလတ်တန်း၊ (၁၃၄၁)ခု သကျသီဟစာသင်တန်း (ပထမ)တို့ကို ရဟန်း(၅)ဝါအရ ဖြေဆိုအောင်မြင်သည်။

(၁၃၄၃)ခု၊ အစိုးရ စာချတန်း အောင်မြင်၍ သာသနဓဇဓမ္မာစရိယဘွဲ့၊ စေတိယင်္ဂဏဂဏဝါစကသီးခြားစာချတန်း(ဒုတိယ)ဖြင့် အောင်မြင်၍ စေတိယင်္ဂဏဓမ္မာစရိယဘွဲ့၊ (၁၃၄၇)ခုနှစ်၊ သကျသီဟ သီးခြားစာချတန်းကို (ပထမ)ဖြင့် အောင်မြင်၍ ပရိယတ္တိသာသနဟိတ (သကျသီဟ)ဓမ္မာစရိယဘွဲ့ တို့ကို ရရှိခဲ့ပါသည်။ မစိုးရိမ် တိပိဋကပါဠိ+မြန်မာအဘိဓာန် ကျမ်းပြု အဖွဲ့ဝင် ဖြစ်သည်။

ကျေးဇူးရှင် ဆရာတော်များမှာ -

မကွေးတိုင်း ဆင်ပေါင်ဝဲမြို့နယ်၊ ကိုးပင်ရွာဦးကျောင်းဆရာတော်၊ 

ရန်ကုန်မြို့သရက်တောတိုက် သာသနဝံသကျောင်း ဆရာတော်နှင့်စာချဆရာတော်များ၊ 

ဓနုဖြူမြို့ ရွှေဟင်္သာကျောင်းတိုက်ဆရာတော်နှင့် 

စာချဆရာများ၊ 

ပြည်မြို့ မဟာသုဒဿနာရာမတိုက်ဆရာတော်နှင့် 

စာချဆရာများ၊

မန္တလေးမြို့ မစိုးရိမ်တိုက်သစ်ဆရာတော် 

ဦးသိရိန်ဒာဘိဝံသ၊ဦးနာယကာဘိဝံသ၊ 

ဦးရာဇဓမ္မာဘိဝံသနှင့် 

မစိုးရိမ်နာယက စာချဆရာတော်များ၊ 

ဘုရားကြီးတိုက် ဦးဥက္ကံသာဘိဝံသ။ 

ဦးသြဘာသာဘိဝံသ၊ဦးပဏ္ဍိတာဘိဝံသ၊ 

ပေါက်မြိုင်တိုက် ဦးအဂ္ဂဝံသာဘိဝံသ၊ 

မြတောင်တိုက် ဦးသာသနာဘိဝံသတို့ ဖြစ်ကြသည်။

(၁၃၄၅)ခု၊သီတင်းကျွတ်လဆန်း(၈)ရက်နေ့ ရေစက်ချလှူဒါန်းသော ဓမ္မယာနကျောင်း၌ (၁၃၄၈)ခုနှစ် ဝါဆိုလပြည့်နေ့၌ပင် ကျောင်းထိုင်နာယကအဖြစ် ပြောင်းရွှေ့သီတင်းသုံးသည်။

(၁၃၅၄)ခုနှစ်တော်သလင်းလပြည့်ကျော်(၆)ရက်နေ့ရေစက်ချလှူဒါန်းသော ဓမ္မသမိဒ္ဓိကျောင်း၌ (၁၃၅၄)ခုနှစ်၌ ကျောင်းထိုင်နာယကအဖြစ် ပြောင်းရွှေ့သီတင်းသည်မှာ ယခုအချိန်ထိ ဖြစ်သည်။

(၁) (၁၃၆၃)ခု၊တော်သလင်းလဆန်း(၈)ရက် (၁-၈-၂၀၀၁)၌ မစိုးရိမ်တိုက်ကြီး သာသန နယူပဒေသကျောင်းဆရာတော် ဦးဇယဒိသာဘိဝံသ၏ သီလကွန်စာဝါ လက်နှိပ်စက်မူများကို စာအုပ်ဖြစ်အောင် တည်းဖြတ်ကာ “မစိုးရိမ်သီလက္ခန်အဖြေသစ်”ဟူသော နာမည်ဖြင့် ပထမတွဲ၊ ဒုတိယတွဲ၊ တတိယတွဲ (၃)တွဲ ထုတ်ဝေသည်။ 

(၂) (၁၃၆၄)ခု၊နယုန်လ(၂၀၀၂ဇွန်)၌ သဒ္ဒတ္ထဘေဒစိန္တာဋီကာနိဿကျမ်း၊(ပထမအကြိမ်) (၁၃၈၁ခု၊ ဝါဆိုလ၊ ဒုတိယအကြိမ်)

(၃) (၁၃၇၀)ခု၊ကဆုန်လဆန်း(၁၀)ရက် (၁၄-၅-၂၀၀၈)သဒ်ဒတ်တဘဒေစိန်တာစာကိုယျ+ဋီကာ+ဒီပနီ သုံးကျမ်းတွဲစာအုပ် တည်းဖြတ် ထုတ်ဝေသည်။ 

(၄) (၁၃၇၂)ခု၊တပို့တွဲလ(၂၀၁၁ဖေဖော်ဝါရီ)၌ ကစ္စာယနသာရ လေးကျမ်းတွဲ (စာကိုယ်+ယောဇနာ+ဋီကာဟောင်း+ဋီကာသစ်)ကို တည်းဖြတ် ထုတ်ဝေသည်။

(၅) (၁၃၇၂)ခု၊တပို့တွဲလ(၂၀၁၁ဖေဖော်ဝါရီ) ကစ္စာယနသာရဋီကာသစ်နိဿကျမ်း။

(၆) သီလဖြူစင် နိဗ္ဗာန်ဝင် 

(၇) နိမိတ်ငါးပါး စကားသုံးခွန်း

(၈) အပြည့်စုံဆုံး အလှူကျောင်းရေစက်ချတရား) (အနန္တသုခကျောင်းတရား၊ (၁၃၆၂)ခု၊ သီတင်းကျွတ်လ)

(၉) ဗုဒ္ဓမိန့်မှာ သူတော်ကောင်းလက္ခဏာ 

(၁၀)ကထိန်အကြောင်း သိကောင်းစရာ 

(၁၁) မြတ်ဗုဒ္ဓ၏ စတုတ္ထအောင်ပွဲ

(၁၂) (၁၃၇၄)ခု၊ဒုတိယဝါဆိုလဆန်း(၈)ရက် ဗုဒ္ဓဘာသာဝင်အတွက် သစ္စာအဓိဌာန်သုံးချက်စာအုပ်၊ (ဓမ္မစေတိယကျောင်း ရေစက်ချလက်ဆောင်) (၁၃)(၁၃၇၆)ခု၊ကျောင်းအနုမောဒနာကထာ စာအုပ်တို့ကို ရေးထုတ်ဝေသည်။

(ပြင်စာမစိုးရိမ်တိုက်သစ်၊ ကျောင်းရေစက်ချလက်ဆောင်)

(၁၄) (၁၃၈၀)ခု၊ ဥပါသကာဂုဏ် မြတ်သရဏဂုံ စာအုပ် ထုတ်ဝေသည်။

(၁၃၆၈)ခု၊ကဆုန်လပြည့်ကျော်(၇)ရက်နေ့၌ ဆင်ပေါင်ဝဲမြို့နယ် ဇာတိကိုးပင်ရွာ၌ ဝေဠုဝန်မစိုးရိမ်တိုက်သစ် စာသင်တိုက် စတင် တည်ထောင်သည်။

(၁၃၇၀)ခု၊ ဝါဆိုလပြည့်ကျော်(၁)ရက် မင်္ဂလာဒုံမစိုးရိမ်တိုက်သစ် စတင်တည်ထောင်သည်။

(၁၃၇၅)ခု၊ ဝါဆိုလပြည့်နေ့၌ မေမြို့ ပြင်စာရွာ၌ မစိုးရိမ်တိုက်သစ် စာသင်တိုက် စတင်တည်ထောင်သည်။

(၁၃၇၆)ခု၊ကဆုန်လ၌ မတ္တရာမြို့ ဇေယျသေနမစိုးရိမ်တိုက်သစ်ကို စာသင်တိုက်အဖြစ် စတင်တည်ထောင်သည်။ 

တပည့်ဖြစ်သူ ဦးသီလာနန္ဒာဘိဝံသ (ဓမ္မဂါရဝကျောင်း)ကိုနာယက၊ စာချအဖြစ် တင်မြှောက်သည်။

မြတောင် ရွှေဝါဝင်းဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တသာသနာဘိဝံသ စသော ဆရာတော်ကြီးများ၏ တိုက်တွန်းမှုဖြင့် (၁၃၇၇)ခု၊နယုန်လဆန်း(၂)ရက်နေ့ စတင် တည်ထောင်ထားသော ပရိယတ္တိသာသနပါလအသင်း 

ရဟန်းကျော်စာမေးပွဲ၌ ဥပဌာကအဖြစ် တာဝန်ယူသည်။

ယင်းစာမေးပွဲကို ပြင်စာမစိုးရိမ်တိုက်သစ်၌ နှစ်စဉ် တပို့တွဲလဆန်း(၁၁-၁၂-၁၁၃)ရက်၊ ရေးဖြေရက် တပို့တွဲလပြည့်ကျော်(၄-၅)ရက်၊ ဆုနှင်းသဘင်ရက် တပေါင်းလပြည့်ကျော်(၈)ရက် သတ်မှတ်ထားပြီး ကျင်းပသည်။


နိုင်ငံတော် အစိုးရမှ -

(၁) မဟာဂန္ထဝါစကပဏ္ဍိတဘွဲ့၊ (၁၃၆၂-ခု)

(၂) အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတဘွဲ့၊ (၁၃၆၃-ခု) 

(၃) အဂ္ဂမဟာပဏ္ဍိတဘွဲ့ (၁၃၇၇-ခု)၊ 

(၄) အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့ (၁၃၇၉-ခု)

(၅) မဟာဓမ္မကထိကဗဟုဇနဟိတဓရဘွဲ့  (၁၃၈၀ပြည့်)တို့ကို ဆက်ကပ် လှူဒါန်းသည်။ 

၁၃၆၇ခုနှစ်၊ ဘိက္ခုနီဘာဝါဘာဝ နိုင်ငံတော်သီးခြားဝိနိစ္ဆယအဖွဲ့  ၁၃၇၂ခုနှစ်၊ မိုးပြာဝါဒ ဓမ္မ၊အဓမ္မ သီးခြားဝိနိစ္ဆယအဖွဲ့တို့၌  နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။ 

၁၃၇၄ခုနှစ်၊ တပေါင်းလဆန်း(၁၀)ရက်မှစ၍ နိုင်ငံတော်သံဃာ့ဗဟိုဝန်ဆောင်အဖြစ် ထမ်းဆောင်ဆဲဖြစ်သည်။

ယခု(၁၃၈၁ခု)၌ မစိုးရိမ်တိုက်သစ်၊ဓမ္မသမိဒ္ဓိကျောင်း၌ သာသနာပြုလျှက်ရှိပါသည်။


မဟာနာယကဆရာတော် ဘဒ္ဒန္တဣန္ဒကာလင်္ကာရာဘိဝံသ စီစဉ်ပြီး နာယကဆရာတော် အရှင်ကဝိန္ဒာဘိဝံသ စုစည်း၍ ၁၃၈၁ခုနှစ်၊တန်ဆောင်မုန်းလဆန်း(၇)ရက်နေ့ထုတ် မစိုးရိမ်တိုက်သစ်၊ နှစ်စဉ်သမိုင်းနှင့် သကျသီဟဓမ္မာစရိယ ထေရုပ္ပတ္တိစာအုပ်၊စာမျက်နှာ(၇၇မှ၈၁ထိ)ပြန်လည်ကူးယူ ပူဇော်ထားပါသည်။ 🙏🙏🙏

ရေးသားပူဇော်သူ

တင်ဝင်းနိုင်၊ သင်းမလူကြီး

ချိုချိုမြင့်အော့ဖ်ဆက်

ယခုအခါ ဆရာတော်သည် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် ( ၂၀၂၄ ခုနှစ် မတ်လ ၉ - ရက် မှ.......... ) အဖြစ် သက်တော်ရှည် ကျန်းမာစွာဖြင့် သာသနာပြုတော်မူလျက်ရှိသည်။

https://www.facebook.com/.../a.13895.../1253121752109857/...

မစိုးရိမ်တိုက်သစ် - မန္တလေး ( Aug 30, 2022 ) ၏ Facebook မှ ကူးယူဖော်ပြပါသည်။

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)