မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် လုပ်ငန်းစီမံကိန်းများနှင့် ပတ်သက်၍ မြေပြင်ကွင်းဆင်းစိစစ်ရေးအဖွဲ့နှင့် တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် လုပ်ငန်းစီမံကိန်းများနှင့် ပတ်သက်၍ မြေပြင်ကွင်းဆင်းစိစစ်ရေးအဖွဲ့နှင့် တွေ့ဆုံ

MNP  ၊ချမ်းအေးသာစံ မတ် ၁၀

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်းဒေသကြီး/ပြည်နယ်များအတွင်း ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစီမံကိန်းများနှင့် လုပ်ငန်းများ၏ အကောင်အထည်ဖော်နိုင်မှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးသည့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာန၊ စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှုအစီရင်ခံရေးဦးစီးဌာနမှ မြေပြင်ကွင်းဆင်းစိစစ်ရေးအဖွဲ့နှင့် တွေ့ဆုံပွဲကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမတွင် မတ်လ ၈ ရက် မွန်းလွဲပိုင်းက ကျင်းပသည်။


ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်း  ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ခွဲဝေရရှိသည့် ရန်ပုံငွေများဖြင့် ကဏ္ဍအလိုက် လုပ်ငန်းစီမံကိန်းများနှင့် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်မှု အခြေအနေများကို ပြောကြားပြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီမံကိန်းစိစစ်ရေးနှင့်တိုးတက်မှု အစီရင်ခံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ခိုင်ထွန်းက တိုင်းဒေသကြီး/ပြည်နယ်များရှိ ဘဏ္ဍာရေးနှစ်အလိုက် ခွဲဝေချထားပေးသည့် ရန်ပုံငွေများဖြင့် လုပ်ငန်းစီမံကိန်းများနှင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဘဏ္ဍာငွေ အလေအလွင့် မရှိစေရေး၊ သတ်မှတ်ကာလအတွင်း  တည်ဆောက်ပြီးစီးစေရေး၊ အရည် အသွေးပြည့်မီစေရေးနှင့် လုပ်ငန်းများ၏ ပကတိ အခြေအနေမှန်များကို အစီရင်ခံ တင်ပြနိုင်ရေးအတွက် ရည်ရွယ်၍ မြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်နေမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တင်ပြချက်များအပေါ် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)