ဂွ မတ်လ ၁၂
ရခိုင်ပြည်နယ်၊ သံတွဲခရိုင် ၊ ဂွမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊တက္ကသိုလ်ဝင်စာမေးပွဲကိုစာစစ်ဌာန(၃)ခု ဖွင့်လှစ်၍ ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အင်္ဂလိပ်စာဘာသာရပ်ကို ကျောင်းသား၊ကျောင်းသူ များ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်းသိရသည်။
ဂွမြို့နယ်တွင် အ.ထ.က(ဂွ)ရှိ (ဂွ)စာစစ်ဌာန၊ အ.လ.က(မြို့သစ်)ရှိ ဆပ်သွားစာစစ်ဌာန ၊ အ.ထ .က(ကျိန္တလီ)ရှိ ကျိန္တလီ စာစစ်ဌာနများတွင် အတွင်းဖြေဆိုသူ၃၅၃ ဦး၊ အပြင်ဖြေဆိုသူ(၉)ဦး၊ စုစုပေါင်း(၃၆၂)ဦးရှိပြီး၊ ပျက်ကွက်သူ အတွင်းဖြေ(၇)ဦး၊ အပြင်ဖြေ(၁)ဦး၊ စုစုပေါင်း(၈)ဦးရှိကြောင်းနှင့် ဖြေဆိုသည့် ရာခိုင်နှုန်း ၉၇.၈၄ ရာခိုင်နှုန်း ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်၊
ဂွမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာ ကြီးကြပ်အဖွဲ့များ၊ မြို့နယ်ပညာရေးမှူးနှင့် တာဝန်ကျ ကြီးကြပ်ဆရာ၊ဆရာမများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များက စာစစ်ဌာနများအလိုက် ကြီးကြပ်လျက်ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost


No comments:
Post a Comment