ရွှေတောင်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ် အေးချမ်းစွာ ဆက်လက်ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ် အေးချမ်းစွာ ဆက်လက်ဖြေဆို




MNP  ၊    မတ် ၁၂

ပဲခူးတိုင်းဒေသကြီး ၊ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင်  စာစစ်ဌာန(၄)ခု၌  တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အဖြစ် အင်္ဂလိပ်စာဘာသာရပ်အား စိတ်အေးချမ်းသာစွာ ဆက်လက်ဖြေဆိုလျက်ရှိကြောင်းသိရသည်။

      ရွှေတောင်မြို့နယ်အတွင်းရှိ  စာစစ်ဌာန (၄ )ခုတို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာ စာမေးပွဲ ကိုကျောင်းသား( ၁၆၁)ဦး၊ကျောင်းသူ (၂၂၄ )ဦး ၊စုစုပေါင်း (၃၈၅ ) ဦး ဖြေဆိုခဲ့ကြပြီး ရွှေတောင်မြို့နယ်ချုပ်အနေဖြင့် ဖြေဆိုမှုရာခိုင်နှုန်း ၉၆.၉၈ ရာခိုင်နှုန်းရှိရာ  ကျောင်းသား ၊ကျောင်းသူများ တည်ငြိမ်အေးချမ်းစွာ ဖြေဆိုနိုင်ရေး အတွက် ခရိုင်/မြိုနယ်ပညာရေးမှူးများ၏ကြီးကြပ်မှုဖြင့်စာစစ်ဌာနကြီးကြပ်ရေးမှူးများ၊ သက်ဆိုင်ရာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ တာဝန်ကျဆရာ၊ ဆရာမများ က အနီးကပ်စစ်ဆေးဆောင်ရွက်‌ပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။

    အဆိုပါ ကျောင်းသား၊ကျောင်းသူ များ ယာဥ်အန္တရာယ် ကင်းရှင်းရေး၊လုံခြုံရေး၊ကျန်းမာရေး စောင့်ရှောက်မှုများအတွက် ဌာနဆိုင်ရာအကြီးအကဲများ ၊ရဲတပ်ဖွဲ့ဝင်များ၊မီးသတ်တပ်ဖွဲ့ဝင်များ၊ပရဟိတအသင်းအဖွဲ့များ၊ရပ်ကွက်အုပ်ချုပ်ရေးမှူး နှင့် အဖွဲ့ဝင်များ၊ ကျောင်းအကျိုးဆောင်များမှ သက်ဆိုင်ရာ ကဏ္ဍအလိုက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)