MNP ၊ ဇေယျာသီရိ မတ် ၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၌ ဒုတိယအကြိမ်မြောက် စူဠဘွဲ့နှင်းသဘင် အခမ်းအနားကို ပြည်စံအောင်ရပ်ကွက်၊ ရတနာစံပရိယတ္တိစာသင်တိုက် ရတနာဘိမတဘိမာန်တော်ကြီး ၌ ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။
အခမ်းအနားသို ဇေယျာသီရိမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ (ရွှေကျင်)၊ ပါဠိပထမပြန်ကြီးကြပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ ကန်ဦးပရိယတ္တိစာသင်တိုက်၊ ပဓာနနာယကဆရာတော်(အဂ္ဂမဟာပဏ္ဍိတ) ဘဒ္ဒန္တဝိလာသ မထေမြတ်နှင့် သံဃာတော်များ၊ စာအောင်သံဃာတော်များ၊ ဥတ္တရခရိုင်သာသနာရေးမှူး ဦးနိုင်လင်း၊ ဇေယျာသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေထက်အောင်နှင့်အဖွဲ့ဝင် ဗိုလ်မှူး ခိုင်မင်းထွန်း၊ ဇေယျာသီရိမြို့နယ် သာသနာရေးမှူး ဦးဝေဖြိုးအောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိ/ ရပ်ဖများ၊ စေတနာရှင် အလှူရှင်များတက်ရောက်ခဲ့ပြီး အခမ်းအနားကို နမောတဿသုံးကြိမ် ရွတ်ဆိုဘုရား ကန်တော့၍ဖွင့်လှစ်ခဲ့ပြီး ထူးမခြားနားသီချင်းခံ သုံးပိုဒ်သီကျူးပူဇော်ခဲ့သည်။ ယင်းနောက် ဇေယျာသီရိမြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ(ရွှေကျင်)၊ ပါဠိပထမပြန်ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ကန်ဦးပရိ ယတ္တိစာသင်တိုက်၊ ပဓာနနာယကဆရာတော်(အဂ္ဂမဟာပဏ္ဍိတ) ဘဒ္ဒန္တဝိလာသ မထေမြတ်ထံမှ ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ခဲ့ပြီး ဇေယျာသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေထက်အောင်က သာသနာရေးဆိုင်ရာများလျောက်ထားခြင်း၊ ဆရာတော်သံဃာတော်များထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ဥတ္တရခရိုင်သာသနာရေးမှူး ဦးနိုင်လင်းနှင့် တာဝန်ရှိ သူများက ပထမကြီးတန်းတွင် သုံးပါး၊ ပထမလတ်တန်းတွင် တစ်ပါး၊ ပထမငယ်တန်းတွင် ၂၁ ပါး၊ အခြေပြုမူလတန်း ၃၈ ပါး စုစုပေါင်း ၆၃ ပါးတိုအား အောင်လက်မှတ်နှင့် စာအောင်ဆုငွေများ ဆက်ကပ်ခဲ့သည်။ ထို့နောက် စေတနာရှင် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ပြီး ဇေယျာသီရိမြိုနယ်သံဃနာယကအဖွဲ့ အကျိုးတော်ဆောင်၊ စည်ပင်ရွာဦးကျောင်းတိုက်၊ ပဓာနနာယ ကဆရာတော် ဘဒ္ဒန္တဣန္ဒာစက္က မထေရ်မြတ်ထံမှ အနုမောဒနာတရားနာကြား၍ ရေစက်သွန်းလောင်း အမျှပေးဝေပေးခဲ့ပြီး “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနား ရုပ်သိမ်း ခဲ့ကြောင်း သိရသည်။
ထွန်းလင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment