သင်္ဂတုံကျေးရွာ၌ မြစိမ်းရောင်ရန်ပုံငွေအတိုးရငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သင်္ဂတုံကျေးရွာ၌ မြစိမ်းရောင်ရန်ပုံငွေအတိုးရငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး





MNP ၊စဉ့်ကိုင် မတ် ၉


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော သင်္ဂတုံကျေးရွာအုပ်စု၊ သင်္ဂတုံကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းမှ အတိုးရငွေကျပ် (၁၀.၀၀) သန်းနှင့် ပြည်သူပူးပေါင်းပါဝင်မှု ကျပ် (၅.၀၀) သန်း စုစုပေါင်းကျပ် (၁၅.၀၀) သန်းဖြင့် ကျေးရွာတွင်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်း အရှည် (၈၂၅) ပေ၊ အကျယ် (၁၂) ပေ၊ ထု (၆) လက်မဖြင့် ဆောင်ရွက်ထားရှိမှု အခြေအနေကို စဉ့်ကိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒေါ်ခင်မီမီအောင် (လက်ထောက်ညွှန်ကြားရေးမှူး)၊ ဒေါ်တင်မြင့်ခိုင် (ဦးစီးအရာရှိ) နှင့်စီမံကိန်းတာဝန်ခံဝန်ထမ်းများက မတ်လ (၈) ရက်၊ မွန်းလွဲ (၂) နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။


အဆိုပါ စဉ့်ကိုင်မြို့နယ်၊ သင်္ဂတုံကျေးရွာအုပ်စု၊ သင်္ဂတုံကျေးရွာတွင် အိမ်ခြေ (၃၀၀)၊ အိမ်ထောင် (၃၂၈) စုနှင့် လူဦးရေ (၁၅၀၅) ဦးရှိပြီး၊ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှစ၍ ဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင် ပဉ္စမမြောက်စီမံကိန်းစက်ဝန်းကို ရောက်ရှိ၍ ယခုကဲ့သို့တိုးပွားရန်ပုံငွေနှင့် ကျေးရွာတွင်းကွန်ကရစ်လမ်းအား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလမှစတင်ခဲ့ရာ ယခုအချိန်တွင် ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။


ထိုကဲ့သို့ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းအားဖြင့် ဆက်သွယ်သွားလာမှု ကောင်းမွန်လာပြီး မြို့ပြသဏ္ဍာန်ဖွံ့ဖြိုးတိုးတက်လာခြင်း၊ ကျေးရွာသူ/သားများစုပေါင်း ဆောင်ရွက်တက်သည့် အလေ့အကျင့်ကောင်းများ ရရှိလာခြင်းနှင့် စည်းလုံးညီညွှတ်မှုနှင့် စီမံခန့်ခွဲဆောင်ရွက်တတ်သည့် အလေ့အထများ ရရှိလာပြီးကာယ၊ ဉာဏစွမ်းရည်များ တိုးတက်လာခြင်း စသည့်အကျိုးကျေးဇူးများ ရရှိကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


၀င်း၀င်းသန်း

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)