တုရင်တောင်မှ ပြန်ဆင်းလာသည့် ဘုရားဖူးယာဉ် ၁စီး တိမ်းမှောက်၍ ၅ ဦးဒဏ်ရာရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တုရင်တောင်မှ ပြန်ဆင်းလာသည့် ဘုရားဖူးယာဉ် ၁စီး တိမ်းမှောက်၍ ၅ ဦးဒဏ်ရာရ





ညောင်ဦး၊ မတ် ၁၁

တုရင်တောင် စွယ်တော်မြတ်စေတီအားဖူးမျှော်ပြီး ပြန်ဆင်းလာသော ဘုရားဖူးယာဉ်တစ်စီးသည် ယာဉ်ကြံ့ခိုင်မှု အားနည်းမှုကြောင့် ဘရိတ်ပေါက်ပြီး လမ်းဘေးတိမ်းချော် ကားမှောက်သည့် ဖြစ်စဉ် ယနေ့ မတ် ၁၁ ရက်နေ့ ၁၁ ၀၀ ချိန်ခန့်တွင် ဖြစ်ပွားခဲ့ပြီး ၅ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ညောင်ဦးခရိုင်မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၈ ဦး၊ ရှာ/ကယ်ယာဉ် ၁ စီး၊ အမှတ် ၅ အရန်မီးသတ်မှ တပ်ဖွဲ့ဝင် ၇ ဦး၊ လူမှုကူညီရေးယာဉ် ၂ စီး၊ Bagan Rescue အသင်းမှ အသင်းသား ၈ ဦး၊ Ambulance ယာဉ် ၁ စီးဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထွက်ခွာဆောင်ရွက်ခဲ့ပြီး အဆိုပါယာဉ်ပေါ်တွင် ယာဉ်မောင်းအပါအဝင် ဘုရားဖူခရီးသည် ကျား ၆ ဦး၊ မ ၆ ဦး၊ ပေါင်း ၁၃ ဦးပါရှိပြီး ယာဉ်တိမ်းမှောက်မှုကြောင့် ကျားကြီး ၁ ဦး မ ၄ ဦး ပေါင်း ၅ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ရာ မ ၄ ဦး မစိုးရိမ်ရနှင့် ကျားကြီး ၁ ဦး စိုးရိမ်ရတို့အား တောင်တော်ဂေါပကအဖွဲ့ ၊ ခရိုင်မီးသတ် ဦးစီးမှူး ဦးထက်အောင်နှင့်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့ များနှင့် ဒေသခံများမှ ကူညီဆောင်ရွက်ပေးခြင်း၊ ထိခိုက်ဒဏ်ရာရသူများအား ညောင်ဦးခရိုင်ပြည်သူ့ဆေးရုံကြီးသို့ အမှတ် ၅ အရန်မီးသတ်မှ လူမှုကူညီရေးယာဉ် ၂ စီးနှင့် Bagan Rescue အသင်းပိုင် Ambulance ယာဉ် ၁ စီးတို့ဖြင့် ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

တိမ်းမှောက်ယာဉ်အား ပြန်လည်ဆွဲတင် တည့်မတ်ပေးခြင်းလုပ်ငန်းများအား ခရိုင်မီးသတ်ဦးစီးမှူးဦးဆောင်သော သန္ဓေ/အရန်တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းများမှ ဆက်လက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ဓတ်ပုံ - အမှတ် ၅ အရန်မီးသတ်တပ်ဖွဲ့၊ ညောင်ဦးမြို့

#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)