ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက္ကသိုလ်ဝင်တန်း (Grade-12) စာမေးပွဲ အေးချမ်းလုံခြုံစွာ ဖြေဆို နေမှုများအား သွားရောက်ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက္ကသိုလ်ဝင်တန်း (Grade-12) စာမေးပွဲ အေးချမ်းလုံခြုံစွာ ဖြေဆို နေမှုများအား သွားရောက်ကြည့်ရှုအားပေး




ပဲခူး၊ မတ် ၁၁

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာများလိုက်ပါလျက် ယနေ့နံနက်ပိုင်းက ပဲခူးမြို့တွင်း အေးချမ်းလုံခြုံစွာ တက္ကသိုလ်ဝင်တန်း (Grade-12) စာမေးပွဲဖြေဆိုနေမှုများအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပဲခူးမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိခဲ့ပြီး ကျောင်းသား/ ကျောင်းသူများ စိတ်အေးချမ်းသာစွာ တက္ကသိုလ်ဝင်တန်း (Grade-12) စာမေးပွဲ ဖြေဆိုနေမှုများအား သွားရောက်ကြည့်ရှုအားပေးခဲ့ရာ တိုင်းဒေသကြီးပညာရေးမှူးမှ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုနေမှု အခြေအနေများအား လိုက်လံရှင်းလင်းပြသခဲ့မှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က တက္ကသိုလ်ဝင်တန်းစာမေးပွဲအား မသမာမှုကင်းရှင်းစွာ ဖြေဆိုနိုင်ရေး၊ ကျောင်းကျန်းမာရေးများ စနစ်တကျထားရှိသွားရန်နှင့် စည်းကမ်းပြည့်ဝ၍ တည်ငြိမ်အေးချမ်း ချောမွေ့အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေး ပူးပေါင်းဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့နယ်၊ အင်းတကော်မြို့၊ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းသား/ ကျောင်းသူများ စိတ်အေးချမ်းသာစွာ တက္ကသိုလ်ဝင်တန်း (Grade-12) စာမေးပွဲ ဖြေဆိုနေမှုများအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ကျောင်းလွှတ်ချိန်၌ တာဝန်ရှိသူများက ကျောင်းသား/ သူများအား အအေးနှင့်မုန့်များ ပေးဝေခဲ့ကြသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း ပဲခူးခရိုင်တွင် စာစစ်ဌာန (၆) ခု၊ ဖြေဆိုသူဦးရေ (၂၁၃၆) ဦး၊ ညောင်လေးပင်ခရိုင်တွင် စာစစ်ဌာန (၁၀) ခု၊ ဖြေဆိုသူဦးရေ (၂၂၄၂) ဦး၊ တောင်ငူခရိုင်တွင် စာစစ်ဌာန (၁၈) ခု၊ ဖြေဆိုသူဦးရေ (၃၁၁၁) ဦး၊ ပြည်ခရိုင်တွင် စာစစ်ဌာန (၁၆) ခု၊ ဖြေဆိုသူဦးရေ (၂၀၈၉) ဦး၊ သာယာဝတီခရိုင်တွင် စာစစ်ဌာန (၂၀) ခု၊ ဖြေဆိုသူဦးရေ (၂၃၄၅) ဦး၊ နတ်တလင်းခရိုင်တွင် စာစစ်ဌာန (၉) ခု၊ ဖြေဆိုသူဦးရေ (၁၅၅၆) ဦးရှိပြီး စုစုပေါင်း စာစစ်ဌာန (၇၉) ခု၌ ဖြေဆိုသူဦးရေ (၁၃၄၇၉) ဦး အေးချမ်းလုံခြုံစွာဖြင့် တက္ကသိုလ်ဝင်တန်း (Grade-12) စာမေးပွဲအား ဖြေဆိုလျက်ရှိကြောင်း သတင်းရရှိသည်။


သက်ဖြိုးကြိုင် 

#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)