မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ကျေးဇူးတော်ရှင် ရွှေကျောင်း ဆရာတော် ဘဒ္ဒန္တပညာဝံသ မဟာထေရ်မြတ်ကြီး၏ အန္တိမအဂ္ဂိဈာပန၊ အခမ်းအနားတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ကျေးဇူးတော်ရှင် ရွှေကျောင်း ဆရာတော် ဘဒ္ဒန္တပညာဝံသ မဟာထေရ်မြတ်ကြီး၏ အန္တိမအဂ္ဂိဈာပန၊ အခမ်းအနားတက်ရောက်




မော်လမြိုင် မတ် ၁၁


မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပန်းဘဲတန်းရပ်ကွက်၊ ရွှေပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယကဆရာတော် အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ၊ ဓမ္မကထိက ဗဟုဇနဟိတဓရ၊ သက်တော် (၉၄) နှစ် သိက္ခာတော် (၇၅) ဝါရှိ၊ ကျေးဇူးတော်ရှင် ရွှေကျောင်းဆရာတော် ဘဒ္ဒန္တပညာဝံသမဟာထေရ်မြတ်ကြီး၏ အန္တိမအဂ္ဂိဈာပန၊ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရွှေပရိယတ္တိစာသင်တိုက်ကြီး၍ ကျင်းပပြုလုပ်ရာ ရှေးဦးစွာ အခမ်းအနားကို သဗ္ဗေသင်္ခါရာအနိစ္စာ အစရှိသော သုံးဂါထာတို့ကိုရွတ်ဆို ဖွင့်လှစ်၍ မြစေတီစာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိမလဗုဒ္ဓိထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး ဆရာတော်၊ သံဃာတော်အရှင်မြတ်များမှ ဆရာတော်ကြီး၏ အတုယူဖွယ်ရာ ကြည်ညိုဖွယ်ရာ ဂုဏ်ပြုဖွယ်ရာ ထေရုပ္ပတ္တိအကျဉ်းချုပ်ဖတ်ကြားခြင်း၊ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့မှ ပေးပို့သော သံဝေဂဉာဏ်ပွားများကြောင်း၊ သဝဏ်လွှာဖတ်ကြားခြင်း၊ ပစ္ဆိမဝန္ဒနာဂါထာကို ဖတ်ကြားခြင်း၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဝန်ကြီးရုံးမှ ပေးပို့လာသော ဝမ်းနည်းကြောင်းသဝဏ်လွှာကို မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးစောကြည်နိုင်က ဖတ်ကြားခြင်း၊ အပြစ်ရှိက ကျေစေရန် တောင်းပန်ကန်တော့လွှာဖြင့် တောင်းပန်ကန်တော့ခြင်းနှင့် စာရင်းရှင်းတမ်း အကျဉ်းဖတ်ကြားခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။


ထို့နောက် မွန်ပြည်နယ် ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကတီပါသင်္ကန်းအား ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အပေါ်သို့ လွှမ်းခြုံပူဇော်ခဲ့ပြီး ပင့်သံဃာတော်၊ ဆရာတော် အရှင်သူမြတ်များထံ လှူဖွယ်ဝတ္ထု ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကြသည်။


ဆက်လက်၍ မော်လမြိုင်မြို့၊ မြစေတီစာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိမလဗုဒ္ဓိထံမှ ဓမ္မသံဝေဂတရားတော်နာကြား၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ဆရာတော်ကြီး၏ ဥတုဇရုပ်ကလာပ်တော်အား နိဗ္ဗာန်ယာဥ်တော်ပေါ်သို့ ပင့်ဆောင်ပူဇော်ခဲ့ကြပြီး အခမ်းအနားကို အနိစ္စာဝတသင်္ခါရာ အစရှိသော သုံးဂါထာတို့ဖြင့် ရုပ်သိမ်းခဲ့သည်။


စည်သူ 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)