နေပြည်တော်၊ မတ် ၁၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နှင့် ဟိုပုံးမြို့တို့တွင် မတ်လ ၁၀ ရက်နေ့ က နှစ်ဖက်တိုက်ပွဲများပြင်းထန်နေပြီး တပ်မတော်မှ တိုက်လေယာဉ်များဖြင့် ဗုံးကျဲခြင်း၊ လက်နက်ကြီးများ ပစ်ခတ်ခြင်းနှင့် ဒရုန်းများဖြင့် မီးလောင်ဗုံးများ ကျဲချ မှုတို့ကြောင့် နေအိမ် ၁၆ လုံးထက်မနည်း မီးလောင်ပြာကျခဲ့ကြောင်း တရားမဝင် ပြည်ဖျက်မီဒီယာ Khit Thit က ပြည်သူများ အထင်အမြင်လွဲမှားစေရန်အတွက် တစ်ဖက်သတ်စွပ်စွဲရေးသားထားသည့် သတင်းတု၊ သတင်းအမှားများကို လူမှုကွန် ရက်ပေါ်တွင် ရေးသားဖြန့်ဝေထားသည်ကို တွေ့ရှိရသည်။
အဆိုပါ ဆီဆိုင်မြို့ကို ဇန်နဝါရီလအတွင်းမှ KNDF ၊ PNLA ၊ PDF အကြမ်းဖက်သမားများက နယ်မြေတည်ငြိမ်ရေးနှင့် လုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်စခန်များနှင့် လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခဲ့ပြီး ဆီဆိုင်မြို့နယ်အတွင်း အကြမ်းဖက်လုပ်ရပ်များကို ပေါ်ပေါ်ထင်ထင် လုပ်ဆောင် လျက်ရှိရာ ယခုဖြစ်စဉ်တွင်လည်း အကြမ်းဖက်သမားများက ဆီဆိုင်မြို့နှင့် ဟိုပုံးမြို့အတွင်းသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ပစ်ခတ် တိုက်ခိုက်မှုကြောင့် နေအိမ်များမီးလောင်ပျက်စီးခဲ့ရကြောင်း လုံခြုံရေးတာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရသိရှိရသည်။
ထိုသို့အကြမ်းဖက်လုပ်ရပ်များကိုလက်မခံသည့်ဒေသခံပြည်သူများက ၎င်းတို့ ၏လုပ်ရပ်များကို ကန့်ကွက်လျက်ရှိသည့်အတွက် တရားမဝင်ပြည်ဖျက်မီဒီယာ များအနေဖြင့် လူမှုကွန်ရက်စာမျက်နှာများမှတဆင့် သတင်းတု၊ သတင်းအမှား များကို လုပ်ကြံရေးသား ဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။
#News
No comments:
Post a Comment