မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်တွင် ငွေကျပ် ၇ ဒသမ ၅ ဘီလီယံတန်ဖိုးရှိစိတ်ကြွရူးသွပ်ဆေးပြား သိန်း ၅၀ ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်တွင် ငွေကျပ် ၇ ဒသမ ၅ ဘီလီယံတန်ဖိုးရှိစိတ်ကြွရူးသွပ်ဆေးပြား သိန်း ၅၀ ဖမ်းဆီးရမိ


နေပြည်တော်၊ မတ် ၁၁

လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ်လ ၆ ရက်နေ့ ညနေ ၆ နာရီ အချိန် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ဆည်တော်ကြီးဆည်အတွင်း သတင်းအရစောင့်ဆိုင်း နေစဉ် ရာဇာမိုး၊ မလမင်းနွယ်၊ သိန်းဇော်(ခ)ချစ်မွှေး၊ အောင်ပိုင်၊ မဖြူဖြူထွေး နှင့် မယမင်းသူ(ခ) မင်းမင်း တို့ ၆ ဦးမှ စက်တပ်လှေငယ် ၂ စီးဖြင့် မီးသွေးအိတ်များအတွင်း သိုဝှက်သယ်ဆောင်လာသည့် ဒေသကာလ တန်ဖိုးငွေကျပ် ၇ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား သိန်း ၅၀ အား ဖမ်းဆီးရမိခဲ့သည်။

စစ်ဆေးပေါ်ပေါက်ချက်အရ သိမ်းဆည်းရမိစိတ်ကြွရူးသွပ်ဆေးပြားများကို သယ်ဆောင်ခိုင်းသူ စိုင်းမင်းသူ နှင့် ပူးပေါင်းပါဝင်သူ ထွန်းသန်း တို့အား မတ်လ ၇ ရက်နေ့ နံနက် ၇ နာရီအချိန် မတ္တရာမြို့နယ်၊ ဆည်တော်ကျေးရွာတွင် ဆက်လက်ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက် များအရ ဖမ်းဆီးရမိစိတ်ကြွရူးသွပ်ဆေးပြားများကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်မှ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်သို့ ရေလမ်းကြောင်းအတိုင်း စက်တပ်လှေဖြင့် သယ်ဆောင် ခဲ့ပြီး မန္တလေးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အားဥပဒေအရ အရေးယူ ထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။


#News


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)