ကံမမြို့ ဆုတောင်းပြည့် ရတနာမာရ်အောင် ငါးထပ်ကြီးဘုရား ဘက်စုံပြုပြင်မွမ်းမံတည်ဆောက်ရေး (စတုတ္ထအကြိမ်) အလှူငွေပေးအပ်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကံမမြို့ ဆုတောင်းပြည့် ရတနာမာရ်အောင် ငါးထပ်ကြီးဘုရား ဘက်စုံပြုပြင်မွမ်းမံတည်ဆောက်ရေး (စတုတ္ထအကြိမ်) အလှူငွေပေးအပ်ပွဲ အခမ်းအနားကျင်းပ




ကံမ ၊ မတ် ၁၁

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၊ အမှတ် (၂) ရပ်ကွက် ကျောင်းကုန်းရပ်၊ ဆုတောင်းပြည့် ရတနာမာရ်အောင် ငါးထပ်ကြီးဘုရား ဘက်စုံပြုပြင်မွမ်းမံတည်ဆောက်ရေး (စတုတ္ထအကြိမ်) အလှူငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၁၀) နာရီက အဆိုပါဘုရားဝန်း၌ ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော်နှင့် ဆရာတော် သံဃာတော်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ နှင့် စေတနာရှင် အလှူရှင်များ တက်ရောက်ခဲ့ကြသည်။

အဆိုပါ အလှူငွေပေးအပ်ပွဲအခမ်းအနားကို နမောတဿ (၃) ကြိမ် ရွတ်ဆိုဘုရားကန်တော့ ဖွင့်လှစ်၍ မကွေးတိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္က (မူလဒွါရ)၊တောင်စကိုင်းကျောင်းတိုက် ဦးစီးပဓါန နာယကဆရာတော် သဒ္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တဇဝနထံမှ ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအုန်းဌေးက သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက စုပေါင်းအလှူငွေများ ပေးအပ်ရာ ဂေါပကအဖွဲ့မှ လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ပေးအပ်ပြီးနောက် မကွေးတိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဌ(မူလဒွါရ) ၊ တောင်စကိုင်းကျောင်းတိုက် ဦးစီးပဓါန နာယကဆရာတော် သဒ္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တ ဇဝနထံမှ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ တရားနာယူခဲ့ကြပြီး ဗုဒ္ဓသာသနံ စိရံတိဌတု (၃) ကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနား ရုတ်သိမ်းခဲ့ကြောင်း သိရသည်။


ကျော်ဇေယျဝင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)