နေပြည်တော် မတ် ၄
အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၏ စာရေးဝန်ထမ်းများ လုပ်ငန်းခွင်ဝင်အကြို သင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ပိုင်းတွင် နေပြည်တော် လူမှုဖူလုံရေးအဖွဲ့ (ရုံးချုပ်) စုဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
သင်တန်းဖွင့်ပွဲသို့ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယခုသင်တန်းများကိုဖွင့်လှစ်ရသည့် ရည်ရွယ်ချက်သည် လူမှုဖူလုံရေးအဖွဲ့သို့ဝင်ရောက်ကြသည့် ဝန်ထမ်းသစ်များအနေဖြင့် မသိမဖြစ်သိရမည့် ဌာန၏မူဝါဒများ၊ မျှော်မှန်းချက်များ၊ ရည်မှန်းချက်များ၊ လုပ်ငန်းတာဝန်များ၊ လက်ရှိကျင့်သုံးဆောင်ရွက်နေသည့် ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများကို သိရှိနားလည်တတ်ကျွမ်းကြစေရန်ဖြစ်ကြောင်း၊ အငယ်တန်းစာရေးဝန်ထမ်းသစ်များအနေဖြင့် နိုင်ငံတော်မှခန့်အပ်သည့် တရားဝင်နိုင်ငံ့ဝန်ထမ်းများ ဖြစ်လာကြပြီဖြစ်သည့်အတွက် နိုင်ငံ့ဝန်ထမ်းများပီပီ ပါတီနိုင်ငံရေးကင်းရှင်းကြရန်နှင့် ဝန်ထမ်းများသိသင့်သိအပ်သည့် နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန် (၆) ချက်၊ ဝန်ထမ်းစည်းမျဉ်း စည်းကမ်းများ၊ ဝန်ထမ်းကျင့်ဝတ်များနှင့် သက်ဆိုင်ရာဌာနများမှ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများကို သိရှိလိုက်နာရန်လိုအပ်ကြောင်း၊ နိုင်ငံတော်၏အကျိုး၊ အလုပ်သမားဝန်ကြီးဌာန၏အကျိုးအတွက် နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်အောင် အစဉ်ကြိုးစားလုပ်ကိုင်ပေးကြရန်နှင့် လူမှုဖူလုံရေးအဖွဲ့၏ မျှော်မှန်းချက်ဖြစ်သည့် လူမှုဖူလုံရေးစီမံကိန်းကို တမျိုးသားလုံးအကျုံးဝင်သည့် စီမံကိန်းဖြစ်လာစေရေးနှင့် နိုင်ငံတကာအဆင့်မီသည့် လူမှုဖူလုံရေးစနစ်များကို အကောင်အထည်ဖော်နိုင်ရေးတို့အတွက် ဝန်ထမ်းများအနေဖြင့် မိမိတို့ကိုပေးအပ်လာသည့် တာဝန်များကိုကျေပွန်အောင် ထမ်းဆောင်သွားကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
#News
No comments:
Post a Comment