အာဆီယံကော်မတီ၊ ဟာဗားနား၊ ကျူးဘား (ACHC) ၏ အလှည့်ကျ ဥက္ကဋ္ဌအနေဖြင့် မြန်မာသံရုံးမှ ဦးဆောင်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အာဆီယံကော်မတီ၊ ဟာဗားနား၊ ကျူးဘား (ACHC) ၏ အလှည့်ကျ ဥက္ကဋ္ဌအနေဖြင့် မြန်မာသံရုံးမှ ဦးဆောင်ကျင်းပ




ဟာဗားနား၊ ဧပြီ ၁၈

ဟာဗားနားမြို့အခြေစိုက် အာဆီယံသံရုံး(၆)ရုံးဖြင့် ဖွဲ့စည်းထားသည့် အာဆီယံကော်မတီ၊ ဟာဗားနား၊ ကျူးဘား (ACHC) ၏ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအထိ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို မြန်မာသံရုံးမှ တာဝန်ယူထားသည် ဖြစ်ရာ မြန်မာသံရုံးယာယီတာဝန်ခံ ဦးဇော်နိုင်ဝင်းမှ ဦးဆောင်၍ ACHC ၏ သံရုံးအကြီးအကဲများ လက်ဖက်ရည်ဝိုင်းအစည်းအဝေးကို ၁၆-၄-၂၀၂၄ ရက်နေ့၊ ၁၄׃၀၀ နာရီတွင် မြန်မာသံရုံး၊ ဟာဗားနားမြို့၌ ကျင်းပခဲ့ပါသည်။ 

အစည်းအဝေးသို့ ကမ္ဘောဒီးယားနိုင်ငံ သံအမတ်ကြီး၊ လာအိုနိုင်ငံ သံအမတ်ကြီး၊ မလေးရှားနိုင်ငံ သံအမတ်ကြီးနှင့် အင်ဒိုနီးရှားနိုင်ငံ သံအမတ်ကြီး ကိုယ်စား သံမှူးတို့ တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် အာဆီယံကော်မတီ၊ ဟာဗားနား ကျူးဘား၏ ဆောင်ရွက်ရန်ရှိသည့် လှုပ်ရှား ဆောင်ရွက်မှုများ၊ အိမ်ရှင်ကျူးဘားနိုင်ငံ၏ အစိုးရ၊ ကျူးဘားကွန်မြူနစ်ပါတီတို့နှင့် ဆက်သွယ် ဆောင်ရွက်ထားမှု အခြေအနေများ၊ အနာဂတ်တွင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အမြင်ခြင်းဖလှယ်ဆွေး‌နွေးခဲ့ကြောင်း သိရသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)