မိုင်းရှူး ၊ ဧပြီ ၁၈
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မိုင်းရှူးမြို့ ၏နှစ်စဥ် ကျင်းပမြဲဖြစ်သောနှစ် ဆန်းတစ်ရက်နေ့တွင်ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့နံနက်၉ နာရီက အမှတ် (၂) ရပ်ကွက်ရှိမဟာစိတ္တ သုခဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
အဆိုပါ ဆွမ်းဆန်စိမ်း လောင်းလှူပွဲတွင် မိုင်း ရှူးမြို့ပေါ်ရှိကျောင်းများမှဆရာ တော်၊ သံဃာ တော်အပါး (၂၀၀) တို့အား ဒါယကာ၊ဒါယိကာမများ၊ရပ် ကွက်နေပြည်သူများ၊ ရပ်နီးရပ် ဝေးအလှူရှင်များက ဝတ္ထုငွေ၊ ဆန်၊ ဆီ၊ ဆား၊ ဆေး၊ အချိုရည်၊ မုန့်အစ ရှိသောလှူဖွယ်ပစ္စည်း များလောင်းလှူကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment