မုံရွာအကျဉ်းထောင်တွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံနေရသူများအနက်မှ အကျဉ်းသား ၁၈ ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

မုံရွာအကျဉ်းထောင်တွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံနေရသူများအနက်မှ အကျဉ်းသား ၁၈ ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိ


မုံရွာ ၊  ဧပြီ  ၁၈

မုံရွာအကျဉ်းထောင်တွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံနေရသူများအနက်မှ မြန်မာနှစ်ဆန်း ၁ ရက်နေ့ ယမန်နေ့တွင် အကျဉ်းသား ၁၈ ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိကြောင်းသိရပြီး အဆိုပါလွတ်ငြိမ်းခွင့်ရရှိကြသူများအား လွှတ်ပေးသည့်အခမ်းအနားကို ယမန်နေ့ နေ့လယ် ၁၂ နာရီ အချိန်က မုံရွာမြို့ အကျဉ်းထောင်ရှိ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုးက ဆုံးမဩဝါဒစကားများပြောကြားပြီးနောက် အကျဉ်းဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးရုံးမှ ညွှန်ကြားရေးမှူး ဦးမင်းထွန်းစိုးနှင့် မုံရွာခရိုင်ရဲတပ်ဖွဲ့မှူး၊ ဒုတိယရဲမှူးကြီးကျော်မိုးတို့က ဆုံးမသြဝါဒစကားများ အသီးသီးပြောကြားကာ လွတ်လက်မှတ်နှင့်အတူ ခရီးစရိတ်၊ စားစရိတ်၊ အပ်ငွေလက်ကျန်များနှင့် ကိုဗစ်-၁၉ လက်မှတ်များကို လွတ်ငြိမ်းခွင့်ရရှိသူ တစ်ဦးချင်းစီအား လက်ဝယ်အရောက် ပေးအပ်ခဲ့ကြသည်။

မုံရွာအကျဉ်းထောင်တွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံနေရသူများအနက်မှ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ (၄၀၁)ပုဒ်မခွဲ (၁)အရ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိသူ (၁၈)ဦးရှိပြီး  နိုင်‌ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ် (၃၀/၂၀၂၄)အရ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိသူ စုစုပေါင်း (၉၈)ဦးရှိကြောင်း အကျဉ်းဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးရုံး ညွှန်ကြားရေးမှူးထံမှ သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)