ရွှေတောင် ၊ ဧပြီ -၁၈
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ်အတွင်း ယမန်နေ့ ညနေ ၆း၄၅နာရီ အချိန်ခန့်ရုတ်တရက် လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းမှုကြောင့် ပေါင်းချုပ်ကျေးရွာအုပ်စု၊ ကျီးသဲကျေးရွာအုပ်စု ၊ ကျောက်မြင့်ကျေးရွာအုပ်စု၊ မန်ကျီးပေါက်ကုန်းကျေးရွာအုပ်စု၊သရက်သုံးပင်ကျေးရွအုပ်စု၊ ကွင်းယားကြီးကျေးရွာအုပ်စုတို့တွင် လူနေအိမ်( ၅) လုံးပြိုကျခဲ့ပြီး ၊လူနေအိမ်( ၂၇) လုံးအမိုးလန်ပျက်စီးခဲ့ကြောင်းသိရသည်။
ရုတ်တရက် လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းမှုကြောင့် ပေါင်းချုပ်ကျေးရွာအုပ်စုရှိ ကျေးရွာ( ၂) ရွာတွင် လူနေအိမ် ( ၄)လုံး ပြိုကျပြီး လူနေအိမ် ( ၂) လုံးအမိုးလန်၊ ကျီးသဲကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ( ၄) ရွာတွင်လူနေအိမ် ( ၁၅) လုံး အမိုးလန်၊ မကျီးပေါက်ကုန်းကျေးရွာအုပ်စုအတွင်းရှိ ကြို့ကုန်းကျေးရွာတွင်လူနေအိမ် ( ၆) လုံး အမိုးလန်၊သရက်သုံးပင်ကျေးရွာအုပ်စု၊ရွှေကျွန်းကုန်းကျေးရွာတွင်လူနေအိမ် ( ၂) လုံး ပြိုကျပြီး လူနေအိမ် ( ၂) လုံးအမိုးလန်၊ ကွင်းယားကြီးကျေးရွာအုပ်စု၊ ကျောက်ကွင်းကျေးရွာတွင်လူနေအိမ် ( ၁) လုံး အမိုးလန်ပျက်စီးခဲ့ပြီး စုစုပေါင်း ဆုံးရှုံးမှုခန့်မှန်းတန်ဖိုး ၄၄၆၃၀၀၀ိ/- ကျပ်ဆုံးရှုံးခဲ့သည်။
အဆိုပါ လေဘေးသင့်၍ ပြိုကျ/ အမိုးလန်ခဲ့သည့် လူနေအိမ်များရှိ အိမ်ထောင်စုများအားယာယီနေထိုင်နိုင်ရေး၊ အမြန်ဆုံးပြုပြင်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ဥက္ကဌ ဦးဟံဝင်း
အောင်၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ရုံးမှ လိုအပ်သည်များ ဆောင်ရွက်ပေးလျှက်ရှိပြီး လေပြင်းတိုက်ခတ်မှုကြောင့်လူနှင့်တိရစ္ဆာန်များ တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရရှိမှုမရှိကြောင်းသိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost



No comments:
Post a Comment