ဂွ ၊ ဧပြီ ၁၇
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင်၁၃၈၆ခုနှစ်မြန်မာ့နှစ်ဆန်းတစ်ရက်နေ့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဇာနည်ကျော်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ကြီးမှူး၍ မြို့နယ်ဌာနဆိုင်ရာများက မြို့ပေါ်(၃)ရပ်ကွက်ရှိအသက်(၈၅)နှစ် နှင့်အထက် သက်ကြီးဘိုးဘွား(၇၃)ဦးအား ပူဇော်ပွဲကန်တေ့ာပွဲကို ယနေ့ညနေပိုင်းတွင် သိမ်ကုန်းစေတီတော်ဝန်းအတွင်းရှိ သာသနာ့ဗိမ္မာန်အတွင်း ကျင်းပပြုလုပ်ခဲ့သည်။
ပူဇော်ကန်တော့ပွဲတွင်နည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး စောနောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပူဇော်ကန်တော့ပွဲသို့ တက်ရောက်လာသည့် အသက်(၈၅) နှစ်နှင့်အထက် ဘိုး/ဘွား(၂၃)ဦးကို လှူဒါန်းဖွယ်ဝတ္ထုအစုစုနှင့် အလှူငွေများအား ပူဇော်ကန်တော့ခဲ့ကြပြီး ပူဇော်ကန်တေ့ာပွဲမတက်ရောက်နိုင်သည်အဘိုး၊အဘွားများအားအိမ်တိုင်ရာရောက်သွားရောက်ပူဇော်ကန်တော့ခဲ့ကြောင်းသိရသည်။
ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost


No comments:
Post a Comment