ပွင့်ဖြူမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက် (၂၅) နှစ်အောက် အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပမည် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပွင့်ဖြူမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက် (၂၅) နှစ်အောက် အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပမည်

 




ပွင့်ဖြူ ဧပြီ ၃


မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ နွေရာသီကျောင်းပိတ်ရက်ကာလ ကျောင်းသား ကျောင်းသူများနှင့် ခြင်းအားကစားဝါသနာရှင် လူငယ်မောင်မယ်များ ကိုယ်ကာယကျန်းမာကြံ့ခိုင်စေရန်နှင့် ထူးချွန်ထက်မြက်သော အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ စီစဉ်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဦးရန်လင်းအောင်ထံမှ သိရသည်။


အဆိုပါ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက်(၂၅) နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်း ပြိုင်ပွဲကို ဧပြီ(၅)ရက်နေ့မှ (၇)ရက်နေ့အထိ မြို့နယ်ပြည်သူ့အားကစားခန်းမ၌ ယှဉ်ပြိုင်ကျင်းပသွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်လိုသော ခြင်းအားကစားသမားများအနေဖြင့် ဧပြီ(၅)ရက်နေ့ နံနက် ၉ နာရီအချိန် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနရုံးသို့ လာရောက်ရမည်ဖြစ်ကြောင်းနှင့် အသင်းဝင်ကြေး အခမဲ့ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ပြိုင်ပွဲတွင် (ပထမ ၊ ဒုတိယ ၊ တတိယ)ဆုရရှိသူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဂုဏ်ပြုဆုငွေနှင့် ဆုတံဆိပ်များကို ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။


ပွင့်ဖြူမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ လူငယ်မောင်မယ်များနှင့် ကျောင်းနေ အရွယ်ကလေးများ ဗလငါးတန် ဖွံ့ဖြိုးစေရန်၊ ထူးချွန်ထက်မြက်သော အားကစားသမားကောင်းများ ဖြစ်လာစေရန် ၊ အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် အားကစားပြိုင်ပွဲများကို နှစ်စဉ် စီစဉ်ကျင်းပပြုလုပ်ပေးလျက်ရှိသည့်အပြင် ပညာရေးဌာနအပါအဝင် အခြားသောမိတ်ဖက်ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး အားကစားနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲများ၊ ကျောင်းတွင်းအားကစားပြိုင်ပွဲများကို ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)