တာမွေ ဧပြီ ၆
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက် ဒဂုံလွင်လမ်းနှင့်သမာဓိလမ်း ထောင့်ရှိ မေတ္တာပုညကာရီဓမ္မာရုံကြီး၌ ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးမြင့်ဇော်ဦးဆောင်သည့်အဖွဲ့မှ မေတ္တာညွန့်ရပ်ကွက်အတွင်း နေထိုင်ကြသော မြန်မာ တိုင်းရင်းသားလူမျိုးနွယ်စုများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား တစ်မျိုးမျိုးရရှိနိုင်ရေးအတွက် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ သည်။
အဆိုပါ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးနေမှု အခြေအနေအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကိုးအောင်နှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင် ရွက်ပေးခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးခြင်းကို ပန်းခင်းစီမံချက်အဆင့်(၁)၊(၂)တို့တွင် ရာခိုင်နှုန်းပြည့် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ယခုအခါ ပန်းခင်း စီမံချက်အဆင့်(၃)ဖြင့် မြို့နယ်အတွင်း ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် တိုင်းရင်းသားပြည်သူ(၄၅)ဦးကို အိမ် ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်
https://t.me/MyanmarNationalPost


No comments:
Post a Comment