တွံ​တေးမြို့နယ်တွင် မဟာသင်္ကြန်ကာလ နေ့အထူးတရားစခန်းပွဲပြုလုပ်သွားမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တွံ​တေးမြို့နယ်တွင် မဟာသင်္ကြန်ကာလ နေ့အထူးတရားစခန်းပွဲပြုလုပ်သွားမည်

 


တွံတေး ဧပြီ ၆


ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်တွင် ၁၃၈၅ ခုနှစ်မဟာသင်္ကြန်ကာလတွင် တွံတေးမြို့ အိုးဘိုအရှေ့ရပ်ကွက် ရေလယ်(၁)လမ်း ရတနာသီရိစာသင်တိုက်ရှိ မြတ်စွာဘုရားကျောင်းတော်ကြီး၌ ပြုလုပ်သော နိဗ္ဗာန်ဝင်လမ်း(၇)ရက် "နေ့" အထူးတရားစခန်းကိုဧပြီလ (၁၁)ရက်နေ့ နံနက် ၇ နာရီတွင် စတင်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။


တွံတေးမြို့၊ ရတနာသီရိစာသင်တိုက် မြတ်စွာဘုရားကျောင်းတော်ကြီး၌ နိဗ္ဗာန်ဝင်လမ်း(၇) ရက်နေ့ အထူးတရားစခန်းပွဲကို ကျေးဇူးရှင်အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဥပနိဿယအတိုင်း ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ရွှေသရက်မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာကြီး၏ ဦးစီးပဓာန နာယက မိုးကုတ်ဝိပဿနာ ကမ္မဌါနစရိယသာသနာပြု နယ်လှည့်ဓမ္မကထိက အရှင်ဝိလာသဆရာတော်မှ ပဋိစ္စသမုပ္ပါဒ်ဒိဋ္ဌိပြုတ်သစ္စာလေးပါး တရားတော်များကို ဟောကြားပြသမည် ဖြစ်ပါသောကြောင့် မဟာသင်္ကြန်ကာလ နေ့အထူးတရားစခန်းပွဲကို ဧပြီ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့ အထိနံနက် ၇ နာရီမှည ၈ နာရီအထိ ပြုလုပ်သွားမည်ဖြစ်သောကြောင့် နေ့အထူးတရားစခန်းဝင်လိုသော တရားချစ်ခင် သူတော်စင်အပေါင်းတို့ လာရောက်တရားစခန်းဝင်နိုင်ကြောင်း သိရှိရသည်။


တွံတေးသား

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)