နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး ပုဗ္ဗသီရိမြို့နယ်၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၌ နွေရာသီ ကွန်ပျူတာ၊ အင်္ဂလိပ်စာ၊ ယဉ်ကျေးလိမ္မာနှင့် ပန်းချီသင်တန်းများ ဖွင့်ပွဲအခမ်းအနား တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး ပုဗ္ဗသီရိမြို့နယ်၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၌ နွေရာသီ ကွန်ပျူတာ၊ အင်္ဂလိပ်စာ၊ ယဉ်ကျေးလိမ္မာနှင့် ပန်းချီသင်တန်းများ ဖွင့်ပွဲအခမ်းအနား တက်ရောက်



နေပြည်တော် ၊  ဧပြီ  ၂၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၌ နွေရာသီ ကွန်ပျူတာ၊ အင်္ဂလိပ်စာ၊ ယဉ်ကျေးလိမ္မာနှင့် ပန်းချီသင်တန်းများ ဖွင့်ပွဲအခမ်းအနား ယမန်နေ့နံနက်ပိုင်းတွင် အဆိုပါကျောင်း၌ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် ပညာရေးမှူးများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ယဉ်ကျေးလိမ္မာသင်တန်း တက်ရောက်မည့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက အမှာစကားပြောကြားရာတွင် နွေရာသီကျောင်းပိတ်ရက်၌ ကျောင်းသား/ကျောင်းသူ လူငယ်များအနေဖြင့် မြန်မာ့ယဉ်ကျေးမှု အစဉ်အလာ ကောင်းများဖြစ်သည့် ဗုဒ္ဓစာပေများကို ဆက်လက်ထိန်းသိမ်းကာ ဗုဒ္ဓဘာသာ မြန်မာ့ယဉ်ကျေးမှု အစဉ်အလာများကို ထိန်းသိမ်းစောင့်ရှောက်နိုင်မည့် လူငယ်များဖြစ်စေရေး၊ အနာဂတ်လက်တွေ့ဘဝတွင် ထာဝရအသုံးချနိုင်သည့် အင်္ဂလိပ်စာနှင့် ကျွန်ပျူတာပညာရပ် သင်တန်းတို့ကို နိုင်ငံတကာအဆင့် ကူးလူးဆက်ဆံပြောဆိုလုပ်ကိုင် နိုင်သည့် ပညာရပ်များအဖြစ် တစ်သက်လုံး လက်တွေ့အသုံးချနိုင်ရန် သင်ကြားပေးခြင်းဖြစ်ကြောင်း၊  မျိုးဆက်သစ်လူငယ်များ စာရိတ္တကောင်းမွန်စေရန်အတွက် ယဉ်ကျေးလိမ္မာ သင်တန်းကိုလည်းကောင်း၊ စိတ်ကူးစိတ်သန်းနှင့် ကိုယ်နှုတ်အမူအရာ၊ နူးညံ့သိမ်မွေ့စေရန်၊ ဗုဒ္ဓဘာသာတရားလက်ကိုင်ထား၍ ကိုယ့်ကိုယ်ကို ပိုမိုယုံကြည်မှုရှိလာစေရေး၊ လူမှုပတ်ဝန်းကျင်ကို ရှုထောင့်ပေါင်းစုံမှ ကြည့်မြင်ခံစားတတ်စေရေးအတွက် အသက်မွေးဝမ်းကြောင်း ပညာတစ်ခုဖြစ်သော  ပန်းချီသင်တန်းကိုလည်းကောင်း ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ သင်တန်းသား/သင်တန်းသူများအနေဖြင့် သင်တန်းမှ သင်ကြားပေးသည့် ဘာသာရပ်များကို စိတ်ပါဝင်စားစွာ သင်ယူလေ့လာကြပြီး မိမိဘဝတစ်လျှောက်တွင် အသုံးချနိုင်ရေးနှင့် ဗလငါးတန်နှင့်ပြည့်စုံသူများ ဖြစ်အောင်ကြိုးစားသင်ယူကြ စေလိုကြောင်းပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက ယဉ်ကျေးလိမ္မာသင်တန်းအတွက် (၃၈) ဖြာ မင်္ဂလာ၊ ဗုဒ္ဓဝင်၊ ဘုရားရှိခိုးနှင့် ပြည်သူ့နီတိစာအုပ်များကို ပေးအပ်လှူဒါန်းရာ ပုဗ္ဗသီရိမြို့နယ် ပညာရေးမှူး ဒေါ်စန်းစန်းအေးက လက်ခံရယူပြီး နေပြည်တော် ကိုယ်ပိုင်ကျောင်းများအသင်းမှ တာဝန်ရှိသူတစ်ဦးက ကွန်ပျူတာ၊ အင်္ဂလိပ်စာနှင့် ပန်းချီသင်တန်းများအတွက် သင်ထောက်ကူစာအုပ်များကို ပေးအပ်လှူဒါန်းရာ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဒေါ်သိန်းသိန်းအေးက လက်ခံရယူသည်။

ယင်းနောက် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက နည်းပြဆရာ/ ဆရာမများနှင့် သင်တန်းသား/ သင်တန်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်စကားပြောကြားသည်။

အဆိုပါ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းစာကြည့်တိုက်အား လည်းကောင်း၊ ကွန်ပျူတာသင်တန်းတွင် ကျောင်းသား/ကျောင်းသူ (၅၀) ဦး သင်ကြားပေးနေမှုကို လည်းကောင်း၊ အင်္ဂလိပ်စာသင်တန်းတွင် ကျောင်းသား/ကျောင်းသူ (၅၀) ဦး သင်ကြားပေးနေမှုကိုလည်းကောင်း၊ ယဉ်ကျေးလိမ္မာသင်တန်းတွင် ကျောင်းသား/ကျောင်းသူ (၅၀) ဦး သင်ကြားပေးနေမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။

အဆိုပါကျောင်းတွင်  ကွန်ပျူတာသင်တန်း၊ အင်္ဂလိပ်စာသင်တန်း၊ ယဉ်ကျေးလိမ္မာသင်တန်းတို့တွင် စုစုပေါင်း ကျောင်းသား/ကျောင်းသူ (၁၅၀) ဦး တက်ရောက်ကြပြီး နည်းပြဆရာမ (၁၂) ဦးဖြင့် သင်တန်းကာလကို ဧပြီ (၂၃) ရက်နေ့မှ မေ (၉) ရက်နေ့အထိ စာတွေ့လက်တွေ့ သင်ကြားပို့ချ သွားမည်ဖြစ်ကြောင်း သိရသည်။


ထွန်းထွန်းဝင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)